ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု
ကလေးသူငယ်များအား အကြမ်းဖက်မှု၊ လျစ်လျူရှုမှု၊ ခေါင်းပုံဖြတ်မှုနှင့် အလွဲသုံးစားမှုများမှ ကာကွယ်ခြင်း
စိန်ခေါ်မှု
ကလေးများအပေါ် အကြမ်းဖက်မှု ပုံစံအမျိုးမျိုး ရှိပါသည်။ ၎င်းတွင် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအလွဲသုံးစားမှု အပါအ၀င် လျစ်လျူရူခြင်း သို့မဟုတ် ဆင်းရဲချို့တဲ့ခြင်း တို့ပါဝင်သည်။
အခြေအနေများစွာတွင် အကြမ်းဖက်မှု ဖြစ်ပွားလေ့ရှိသည်။ အိမ်၊ ကျောင်းနှင့် ရပ်ရွာအဖွဲ့အစည်းများတွင် ဖြစ်ပျက်နိုင်ပါသည်။ ပြစ်မှုကျူးလွန်သူများတွင် မိသားစုဝင်များ၊ ရင်းနှီးကျွမ်းဝင်သူ လက်တွဲဖော်များ၊ ရွယ်တူချင်းများ၊ ဆရာ/ဆရာမများ၊ အိမ်နီးချင်းများ သို့မဟုတ် သူစိမ်းများ ပါဝင်နိုင်ပါသည်။
ပြစ်မှုကျူးလွန်သူများအနေဖြင့် ကလေးသူငယ်များအပေါ်တွင် ထိခိုက်စေမှု၊ နာကျင်မှုနှင့် အရှက်ရမှုများကို ဖြစ်ပေါ်စေသည့်အခါ ၄င်းတို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေရုံသာမက ကလေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါသည်။
တစ်ဦးချင်းစီနှင့် မိသားစုများအပေါ် ဝမ်းနည်းဖွယ် ဆိုးကျိုးသက်ရောက်မှုများအပြင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုသည် အလားအလာဆုံးရှုံးမှုနှင့် လုပ်နိုင်စွမ်းအားကို လျော့နည်းစေပြီး စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြင်းထန်သော ဆုံးရှုံးခြင်းများကို ဖြစ်စေပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပုံစံများနှင့် ပြဿနာကို အထောက်အကူပြုသော သဘောထားများနှင့် စံနှုန်းများကို ဆန်းစစ်ရန် လိုအပ်မှုကို ပိုမိုသိရှိလာကြပါသည်။
ကလေးများအားလုံးသည် အကြမ်းဖက်မှု၊ လျစ်လျူရှူမှု၊ ခေါင်းပုံဖြတ်ခံရမှုနှင့် အလွဲသုံးစားမှုများမှ ကာကွယ်ရန် အခွင့်အရေးရှိပါသည်။
နိုင်ငံများစွာကဲ့သို့ မြန်မာနိုင်ငံတွင် ပြဿနာများကို ပိုမိုနားလည်ရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် သဲလွန်စများပေးရန် ခိုင်မာပြီး အရည်အသွေးရှိသော ဒေတာများသည် အကန့်အသတ်ဖြင့်သာ ရှိပါသည်။ မြန်မာနိုင်ငံ ကြုံတွေ့ရသည့် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် ဆင်းရဲနွမ်းပါးမှုများ အချို့သောလူမှုရေးစံနှုန်းများနှင့် သဘောထားများအပါအ၀င် ရှုပ်ထွေးသော စိန်ခေါ်မှုများသည် ကလေးသူငယ်များ၏ အထိအခိုက်လွယ်မှုကို မြင့်တက်စေပြီး တစ်ဦးချင်းကလေးများသာမက အမျိုးသားဖွံ့ဖြိုးမှုနှင့် တိုးတက်မှုအတွက် အကျိုးရှိစေမည့် ကျယ်ပြန့်သော တုံ့ပြန်မှုရှိရန် လိုအပ်ကြောင်း အလေးအနက်ဖော်ပြပါသည်။
ဖြေရှင်းနည်း
ထိရောက်သော လူမှုရေးလုပ်ငန်းများအပါအ၀င် ပြည့်စုံသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မူဝါဒများနှင့် စနစ်များသည် ကလေးများအား အကြမ်းဖက်မှု၊ လျစ်လျူရှူမှုနှင့် အလွဲသုံးစားမှုများကို နိုင်ငံများမှ ကာကွယ်ရန်နှင့် တုံ့ပြန်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ခရီးရှည်ကျန်ရှိနေသော်လည်း တိုးတက်မှုများကို ရရှိခဲ့ပါသည်။ ယူနီဆက်၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာတွင် ရင်းနှီးမြှုပ်နှံရန် အရေးကြီးသော ခြေလှမ်းကိုလှမ်းလိုက်သည်။ အကောင်အထည်ဖော်မှု၏ အစောပိုင်းအဆင့်တွင် ရှိနေသေးသည့် အဆိုပါအစီအစဉ်သည် လူမှုရေးအလုပ်ကိစ္စရပ်များကို စီမံခန့်ခွဲမှုအား အဓိကမှတ်တိုင်အဖြစ် မိတ်ဆက်ပေးခဲ့ပါသည်။ ယူနီဆက်သည် အစိုးရအနေဖြင့် မြို့နယ်အဆင့်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲသူများအား လေ့ကျင့်သင်ကြားပေးရန် ကူညီနေပါသည်။
အစိုးရအရာရှိများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း ၀န်ထမ်းများမှ ၎င်းတို့ လိုအပ်သောကိရိယာများနှင့် အရင်းအမြစ်များရှိစေရန်လည်း သေချာစေပါသည်။
၂၀၁၈ ခုနှစ်တွင် ယူနီဆက်သည် အစိုးရနှင့် NGO များမှ လူမှုရေးလုပ်ငန်း ဖြစ်ရပ်စီမံမန်နေဂျာ ၁၀၀ ကျော်အား လေ့ကျင့်သင်ကြားနေရာချထားခဲ့ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်အား မြို့နယ် ၄၉ ခုသို့ တိုးချဲ့ရန်နှင့် အားမြှင့်ရန် အစိုးရအား ပံ့ပိုးပေးခဲ့ပါသည်။
ယူနီဆက်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဥပဒေနှင့် ညှိသော ကလေးသူငယ်များအတွက် လုပ်ကိုင်စဉ် ကလေးသူငယ်များနှင့် လိင်ကွဲပြားမှုအပေါ် အကင်းပါးပါး ချဉ်းကပ်မှုရှိစေရန် ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးစနစ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လုပ်ဆောင်နေပါသည်။
လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကျွန်ုပ်တို့သည် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုများကို ကာကွယ်ရာတွင် ကူညီရန်နှင့် ၀န်ဆောင်မှုများအတွက် လူထုတောင်းဆိုမှုကို ထောက်ပံ့ရန် အများပြည်သူသိရှိနားလည်မှုကို မြှင့်တင်ရန် လုပ်ဆောင်ပါသည်။ လက်ရှိဒေတာများက ဆယ်ကျော်သက်မိန်းကလေးများ (အသက် ၁၅ နှစ်မှ ၁၉ နှစ်) သည် သူတို့အရွယ်ရောက်သူများထက် အကြမ်းဖက်ခံရမှုကို ထုတ်ပြောရန် နည်းပါးပါသည်။ ထို့အပြင် အခြားအသက်အရွယ်အုပ်စုများနှင့် နိူင်းယှဉ်လျှင် ဆယ်ကျော်သက်မိန်းကလေးများအကြား အကူအညီရှာဖွေခြင်းသည် သိသိသာသာနည်းပါသည်။ ယူနီဆက်၏ အကြမ်းဖက်မှုကာကွယ်ရေးအစီအစဉ်သည် သက်သေအထောက်အထားများဖြင့် လမ်းညွှန်ပါလိမ့်မည်။ အစီအစဉ်၏ ထိရောက်မှုကို ဆုံးဖြတ်ရန်အတွက် အောက်ခြေတွင် ဆောင်ရွက်မှုများကို ခြေရာခံ၊ တိုင်းတာပါလိမ့်မည်။