မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ
အကြောင်းအရာ အချက်အလက် (၂၀၂၅ ခုနှစ် ဇန်နဝါရီ - ဇွန်)
- English
- မြန်မာ
အဓိကဖော်ပြချက်များ
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှုများကို စောင့်ကြည့်လေ့လာချက်များအရ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦး ရှိခဲ့ပြီး၊ ယင်းသည် ၂၀၂၄ ခုနှစ်အတွင်း အစီရင်ခံတင်ပြခဲ့သော စုစုပေါင်း ထိခိုက်ဒဏ်ရာရသူ အရေအတွက် (၁,၀၈၂ ဦး) ၏ ၃၃% နှင့် ညီမျှပါသည်။
ဒေသအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ပါက ရှမ်းပြည်နယ်တွင် ဖြစ်ရပ် ၆၈ ခုနှင့် ထိခိုက်ခံစားရသူအရေအတွက် ၁၀၃ ဦး (၂၉%) ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဖြစ်ရပ် ၅၈ ခုနှင့် ထိခိုက်ခံစားရသူအရေအတွက် ၈၇ ဦး (၂၄%)၊ မကွေးတိုင်းဒေသကြီးတွင် ဖြစ်ရပ် ၂၇ ခုနှင့် ထိခိုက်ခံစားရသူအရေအတွက် ၄၃ ဦး (၁၂%) တို့ဖြင့် အစဉ်လိုက် ရှိနေပါသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးပေါင်းသည် စုစုပေါင်း ထိခိုက်ခံစားရသူအရေအတွက်၏ (၃၅%) ကို ကိုယ်စားပြုပါသည်။
ထိခိုက်ခံစားရသူအရေအတွက်အားလုံး၏ (၂၇%) မှာ ကလေးသူငယ်များဖြစ်ကြပြီး၊ ယင်းအချက်က မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများသည် အထိခိုက်လွယ်ဆုံးသော လူထုအပေါ် သိသာထင်ရှားသည့် အန္တရာယ်ကို ဆက်လက်ဖြစ်ပေါ်စေလျက်ရှိသည်ကို မီးမောင်းထိုးပြနေပါသည်။ ဤကိန်းဂဏန်းများသည် အရပ်သားထိခိုက်ခံစားရသူအရေအတွက်ကိုသာ ထင်ဟပ်ဖော်ပြပါသည်။