ကျွန်ုပ်တို့အလုပ်လုပ်သည့်နေရာ

နိုင်ငံတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ ရုံးများသည် အလိုအပ်ဆုံးသော နေရာများတွင် အကူအညီအထောက်အပံ့ ပံ့ပိုးသည့်အစီအစဥ်၀န်ဆောင်မှုများကို ကူညီပို့ဆောင်ပေးပါသည်

UNICEF Myanmar

ယူနီဆက်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် နယ်မြေခံရုံးခုနစ်ခု ဖွင့်လှစ်ထားပြီး အရေးပါသော ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဝန်ဆောင်မှုများကို ရောက်ရှိရန်ခက်ခဲသောဒေသများမှအပါအဝင် အားနည်းထိခိုက်လွယ်ဆုံး ကလေးသူငယ်များနှင့် မိသားစုများကို ပံ့ပိုးပေးလျက်ရှိပါသည်။

နိုင်ငံတစ်ဝန်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြားတွင် ကျွန်ုပ်တို့၏ တည်ရှိမှုနှင့် ဒေသခံ NGO များ၊ CSO များနှင့် လူမှုအသိုင်းအဝိုင်းအခြေပြု မိတ်ဖက်အဖွဲ့များ၏ ခိုင်မာသောကွန်ရက်တို့သည် ရှေ့တန်းဒေသများအပါအဝင် အလွန်ကြီးမားသော လိုအပ်ချက်များကို ရင်ဆိုင်နေရသည့် ကလေးများနှင့် မိသားစုများအတွက် အသက်ကယ်အကူအညီနှင့် အရေးပါသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်စေပါသည်။

မိမိတို့၏ လက်တွေ့နယ်မြေအတွင်းကျယ်ကျယ်ပြန့်ပြန့်တည်ရှိမှုသည် မြေပြင်တွင် ဆက်လက်ရှိနေမည့် မိမိတို့၏ မယိမ်းယိုင်သော ကတိကဝတ်ကို ပြသနေပြီး မည်သည့်ကလေးမျှ နောက်ကျန်နေခဲ့ခြင်းမရှိကြောင်းနှင့် ကလေးများ မည်သည့်နေရာတွင် ရှိနေစေကာမူ မြန်မာ့ကလေးသူငယ်များ အားလုံးသည် ၎င်းတို့ ရှင်သန်ရပ်တည်ရန်နှင့် တိုးတက်ဖွံ့ဖြိုးရန် လိုအပ်သည့် အရေးပါသော ပံ့ပိုးမှုများကို လက်ခံရရှိကြောင်း သေချာစေပါသည်။

UNICEF Myanmar
UNICEF Myanmar/2025