အလုပ်အကိုင်အခွင့်အရေး
ကျွန်ုပ်တို့ ကမ္ဘာကြီးကိုပြောင်းလဲတာကို ကူညီလိုပါသလား။ လက်ရှိ UNICEF Myanmar အလုပ်အကိုင်အခွင့်အလမ်းများကို လေ့လာပါ
- English
- မြန်မာ
အလုပ်အကိုင်အခွင့်အရေး
ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ယူနီဆက် (UNICEF) သည် ကလေးသူငယ်တိုင်း၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် အကူအညီရယူရန် အခက်ခဲဆုံးသော ကလေးငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ကမ္ဘာတစ်ဝှမ်းလုံး၌ ဆောင်ရွက်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံနှင့် နယ်မြေပေါင်း ၁၉၀ ကျော်တွင် ကလေးငယ်များ အသက်ရှင်သန်ရပ်တည်နိုင်ရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည် အလားအလာများကို အပြည့်အဝ ဖော်ဆောင်နိုင်စေရန်အတွက် မရှိမဖြစ်လိုအပ်သမျှကို ဖြည့်ဆည်းပေးလျက် ရှိပါသည်။
ကျွန်ုပ်တို့သည် ကလေးသူငယ်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ ဝန်ဆောင်မှုများကို ကွက်လပ်မရှိ ပံ့ပိုးပေးနေသည့်အပြင်၊ ကလေးငယ်များအား အကြမ်းဖက်မှုနှင့် အလွဲသုံးစားပြုမှု အမျိုးမျိုးမှ ကာကွယ်ပေးနိုင်ရန် ရှေ့တန်းမှ ရပ်တည်စည်းရုံး ဆောင်ရွက်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။ ထို့ပြင် အကူအညီ အလိုအပ်ဆုံးသော ဒေသများသို့ သန့်ရှင်းသော သောက်သုံးရေနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုစနစ်များ ယူဆောင်လာပေးခြင်း၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများနှင့် ကူးစက်ရောဂါ ဘေးအန္တရာယ်များမှ ကလေးငယ်များကို ကာကွယ်ပေးခြင်းတို့ကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။
ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ပံ့ပိုးထောက်ပံ့ရေးအဖွဲ့ကြီး ဖြစ်သည့်အလျောက် ယူနီဆက်သည် ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဂိုဒေါင်ကိုလည်းကိုလည်း ကိုယ်တိုင်ဦးစီး လည်ပတ်ဆောင်ရွက်လျက် ရှိသည်။ အရေးပေါ်အခြေအနေများ မတိုင်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်များ ဖြစ်ပွားနေချိန်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ကာလများတွင် မျှော်လင့်ချက်များနှင့်အတူ အသက်ကယ်အကူအညီများကို ဆောင်ကြဉ်းပေးခြင်းတို့ကို မြေပြင်တွင် လက်တွေ့ကျကျ ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ ဘက်မလိုက်သော၊ နိုင်ငံရေးနှင့် မသက်ဆိုင်သော၊ ကြားနေဝါဒကို အစဉ်တစိုက် စောင့်ထိန်းသော ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အခက်အခဲကြုံတွေ့နေရသည့် ကလေးသူငယ်တိုင်းထံသို့ ကန့်သတ်ချက်မရှိ ရောက်ရှိပံ့ပိုးပေးနိုင်ရန် ဖြစ်ပါသည်။
ယနေ့တွင် ကျွန်ုပ်တို့၏ ဝန်ထမ်းပေါင်း ၁၇,၀၀၀ ကျော်သည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် နေ့စဉ် အချိန်ပြည့် ကြိုးပမ်းထမ်းဆောင်လျက် ရှိကြသည်။ ကလေးငယ်များကို ဘေးအန္တရာယ်များမှ ကာကွယ်ရန်၊ ၎င်းတို့ ကျန်းမာစွာ ကြီးပြင်းဖွံ့ဖြိုးလာပြီး ပညာသင်ယူနိုင်ရန်နှင့် မိမိတို့၏ စွမ်းရည်အပြည့်အဝကို ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းများကို တန်းတူညီမျှစွာ ရရှိစေရန်အတွက် ကျွန်ုပ်တို့သည် မည်သည့်အခါမျှ လက်လျှော့မည်မဟုတ်ပါ။
ကျွန်ုပ်တို့နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း
ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ်များ၏ အနာဂတ်ကို ပုံဖော်ရာတွင် ကျွန်ုပ်တို့နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားပါသလား။ လက်ရှိ ခေါ်ယူလျက်ရှိသော အလုပ်အကိုင် အခွင့်အလမ်းများကို အောက်တွင် လေ့လာလျှောက်ထားနိုင်ပါသည် -