ယူနီဆက်မြန်မာ ဌာနေကိုယ်စားလှယ်
Mr. Marcoluigi Corsi

- ရရှိနိုင်ပါသည်:
- English
- မြန်မာ
မစ္စတာ မာကိုလူဂျီ ကော်စီ Mr. Marcoluigi Corsi သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ယူနီဆက်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ၂၀၂၁ ဒီဇင်ဘာလ၌ ခန့်အပ်ထားခံခဲ့ရပြီး သူ၏လုပ်ငန်းတာ၀န်ကို ရန်ကုန်တွင် ၂၀၂၂ မေလမှစတင်ခဲ့ပါသည် ။
ဤတာ၀န်ကို မထမ်းဆောင်ခင်တွင် သူသည် ယူနီဆက် အရှေ့တောင်အာရှနှင့်ပစိဖိတ် ဒေသပိုင်းဆိုင်ရာဒါရိုင်တာအဖြစ် ၂၀၂၀ ဖေဖော်၀ါရီလ မှလုပ်ကိုင်ခဲ့ပါသည် ။ သူသည် ယူနီဆက် ကိုယ်စားလှယ် အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အထိ မိုဇမ်ဘစ်ရုံး နှင့် ၂၀၁၁ ခုနှစ် ဩဂုတ်လ မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ ဘိုလီးဗီးယားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည် ။
သူသည် ယူနီဆက်ဆိုင်ရာ လက်ထောက်ကိုယ်စားလှယ်အဖြစ်လည်း နှစ်ကြိမ်တိုင်စီ ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ် ကို အင်ဒိုနီးရှားနိုင်ငံရုံး ၊ ၂၀၀၂ မှ ၂၀၀၅ ကို အဲထရာနိုင်ငံရုံးတွင်လည်း လုပ်ကိုင်ခဲ့ပါသည် ။ ထိုမတိုင်ခင်၌ သူသည် ယူနီဆက်အစီအစဥ်စီမံချက်ရေးဆွဲခြင်း ၊ စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်း ၎ာနအကြီးအကဲအဖြစ် ဆိုမာလီယာနိုင်ငံ လုပ်ကိုင်ခဲ့ပြီး တန်ဇန်းနီးယား ပြည်နယ် ၊ ဒါရက်စ်ဆာလမ် ရှိ လူထုအခြေပြု အစီအစဉ်နှင့်ညှိနှိုင်းရေး ၎ာနတွင် စီမံကိန်းအစီအစဉ်စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်းအတွက် လုပ်ဆောင်ခဲ့ပါသည် ။
အီတလီနိုင်ငံသားတစ်ဦးဖြစ်သော မစ္စတာ မာကိုလူဂျီ ကော်စီသည် အီတလီနိုင်ငံ၊ ရောမမြို့ရှိ လာဆာပီယန်ဇာတက္ကသိုလ်မှ နိုင်ငံတကာ နိုင်ငံရေးသိပ္ပံပညာမာစတာဘွဲ့ကို ရရှိထားပါသည် ။
သူသည်လက်ထပ်ထားသူဖြစ်ပြီး သမီးသုံးယောက်ရှိပါသည် ။