မြန်မာနိုင်ငံအတွင်းရှိ ယူနီဆက်၏ လုပ်ဆောင်ချက်များ

ကလေးသူငယ်များအားလုံးတိုင်းတွင် ရှင်သန်ရပ်တည်ရန်နှင့် ၎င်းတို့၏စွမ်းရည်အလားအလာများကို ဖြည့်ဆည်းရန် အခွင့်အရေးရှိသည်ဟု ယူနီဆက်ကယုံကြည်ထားပါသည်

UNICEF Myanmar

မြန်မာနိုင်ငံအတွင်းရှိ ယူနီဆက်၏ လုပ်ဆောင်ချက်များ

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ယူနီဆက်က မည်သို့တုံ့ပြန်ဖြေရှင်းနေပါသနည်း။  

မြန်မာနိုင်ငံ အကျပ်အတည်း စတင်ဖြစ်ပွားချိန်မှစ၍ ယူနီဆက်သည် ကျယ်ပြန့်သော နယ်မြေခံတည်ရှိမှုနှင့် ပြည်တွင်းနှင့် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများအပါအဝင် မတူကွဲပြားသော မိတ်ဖက်အဖွဲ့အစည်းများ၏ ကွန်ရက်မှတစ်ဆင့် ထိခိုက်နစ်နာမှုအများဆုံးနှင့် ထိခိုက်လွယ်သော ကလေးသူငယ်များနှင့် မိသားစုများအတွက် အသက်ကယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အရေးပါသော ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။  

 အထူးသဖြင့် ကလေးသူငယ်များအတွက် နေရပ်စွန့်ခွာတိမ်းရှောင်မှုနှင့် နက်ရှိုင်းသော လိုအပ်ချက်များကို စံချိန်တင်ပမာဏများအထိ ဖြစ်ပေါ်စေသော နိုင်ငံတစ်ဝှမ်း ပဋိပက္ခနှင့် မလုံခြုံမှု ပြင်းထန်လာပြီးနောက် ယူနီဆက်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများကိုလက်လှမ်းမီရရှိရန် စိန်ခေါ်မှုရှိနေဆဲဖြစ်သည့် ရောက်ရှိရန်ခက်ခဲသော ဒေသများအပါအဝင် ကလေးများနှင့် မိသားစုများအတွက် အသက်ကယ်အကူအညီနှင့် အရေးပါသော ဝန်ဆောင်မှုများ ပေးအပ်မှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။ မိမိတို့၏ အာရုံစိုက်မှုမှာ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများ ၊ မသန်စွမ်းကလေးများ၊ စခန်းများနှင့် အခြားရွှေ့ပြောင်းနေရာများတွင်နေထိုင်သူများနှင့် ဝေးလံခေါင်ဖျားသော သို့မဟုတ် ခက်ခဲသောနေရာများတွင် နေထိုင်သူများအပါအဝင် ထိခိုက်လွယ်ဆုံးကလေးများထံသို့ ရောက်ရှိရန်ဖြစ်သည်။

ဤအကျပ်အတည်းကြောင့် ထိခိုက်နစ်နာမှုအများဆုံးဖြစ်သော ကလေးများအတွက် ဆက်လက်ပံ့ပိုးပေးသွားမည့် ကျွန်ုပ်တို့၏ ကတိကဝတ်သည် မယိမ်းမယိုင်ဘဲ ရှိနေမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ယူနီဆက်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ် ၁. ၈ သန်းနီးပါးနှင့် ၎င်းတို့၏ မိသားစုများထံ အရေးကြီးသော အာဟာရ ၊ ကျန်းမာရေး၊ ရေ ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု မြှင့်တင်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာရေးအကူအညီနှင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၂ ခုနှစ်တွင် ပံ့ပိုးပေးနိုင်ခဲ့သည့် ကလေးငယ်ဦးရေ ၁ သန်းထက် ၈၀ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ယူနီဆက်သည် ကလေးသူငယ် ၂. ၁ သန်းအပါအဝင် လူဦးရေ ၃. ၁ သန်းကို အသက်ကယ်အကူအညီနှင့် အရေးပါသော ဝန်ဆောင်မှုများပေးရန် ရည်မှန်းထားသည်။