တင်ဒါစနစ်များ

ကလေးသူငယ်များအတွက် မိတ်ဖက်ပူးပေါင်းမှုဖြင့် လက်တွဲဆောင်ရွက်ခြင်း

UNICEF Myanmar
UNICEF Myanmar/2020/Nyan Zay Htet

UNICEF နှင့်လက်တွဲဆောင်ရွက်ပါ

UNICEF အနေဖြင့် မြန်မာနိုင်ငံတော်အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်သည့် ၎င်းတို့၏အစီအစဉ်ကို ထောက်ပံ့ ပေးရန်အလို့ငှာ မြန်မာနိုင်ငံအတွင်းတွင် ပံ့ပိုးမည့်ပစ္စည်းများနှင့် ပစ္စည်းကိရိယာများကို ဝယ်ယူလျက်ရှိသည်။

ငွေကြေးဆိုင်ရာလိုအပ်ချက်များအတွက် ဈေးနှုန်းသတ်မှတ်ခြင်း၊ အသေးစိတ်ဖော်ပြချက်များ၊ အရည် အသွေးနှင့် ပို့ဆောင်ပေးမည့်အချိန်များဟူသည့် တန်ဖိုးများနှင့်ကိုက်ညီသည့်အခါတွင် ပံပိုးမည့်ပစ္စည်းများကို ဒေသ အတွင်း၌ ဝယ်ယူရန်မှာ ကျွန်ပ်တို့၏ မူဝါဒပင်ဖြစ်သည်။

UNICEF အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ ရှိနှင့်ပြီးသားပစ္စည်းရောင်းချသူများနှင့် ထုတ်လုပ် သူများကို အဖွဲ့အစည်းအတွက် အလားအလာရှိသည့်ပစ္စည်းရောင်းချသူများအဖြစ် မှတ်ပုံတင်ရန် ဖိတ်ခေါ်လျက် ရှိသည်။

UNICEF ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ထုတ်လုပ်သူများနှင့် ပစ္စည်းရောင်းချသူများသည် UNICEF မှဝယ်ယူမည့် ပံ့ပိုးမည့်ပစ္စည်းများနှင့် ပစ္စည်းကိရိယာများအတွက် ဈေးပြိုင်တင်ဒါခေါ်ယူရာတွင် ပူးပေါင်းပါဝင်ရန် တရားဝင်ပါလိမ့်မည်။

ဝယ်ယူမှုများပြုလုပ်မည့်ကိစ္စရပ်အားလုံးတွင်၊ UNICEF ၏ စံချိန်မီဈေးပြိုင်တင်သွင်းခြင်းနှင့် ဝယ်ယူခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်သည်။

 

UNICEF အနေဖြင့်

၁။ အတိုင်ပင်ခံဝန်ဆောင်မှုလုပ်ငန်းများ

၂။ စာအုပ်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ အိပ်ဆောင်စာစောင်များ၊ အိတ်များ၊ တီရှပ်များ၊ ဦးထုပ် များပုံနှိပ်ခြင်းနှင့် တိပ်၊ စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့ကို မိတ္တူပွားခြင်း။

၃။ ကျောင်းသုံးဖတ်စာအုပ်များ၊ စာကြည့်တိုက်စာအုပ်များ၊ ကျောင်းစားပွဲခုံများနှင့် ကုလားထိုင်များ၊ အားကစား ပစ္စည်းများ၊ ကျောင်းသား/သူနှင့် ဆရာ/မများအတွက် အိတ်များ၊ မှတ်စုစာအုပ်များ၊ ဘောပင်များ၊ ခဲတံများ၊ ကျောက်သင်ပုန်းများစသည်တို့ပါဝင်သည့် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများ။

၄။ ဆေးပစ္စည်းကိရိယာများ။

၅။ တီဗီ/ ဒီဗီဒီ၊ ကင်မရာများ၊ ရုပ်သေပြစက်ပရိုဂျက်တာများ၊ အသံစနစ်စသည်တို့ပါဝင်သည့် အသံပိုင်း/ အမြင်ပိုင်းပစ္စည်းကိရိယာများ။

၆။ ကွန်ပြူတာများ၊ ပရိုဂျက်တာများ၊ လေအေးပေးစက်များ၊ လျှပ်စစ်စွမ်းအားသုံးအပူပေးစက်များ၊ ရေခဲ သေတ္တာများ၊ ရေထုတ်ပေးစက်များ၊ လျှပ်စစ်ထုတ်ပေးသည့်မီးစက်များ၊ ဖက်စ်ပို့သည့်စက်များ၊ မိတ္တူကူးစက်များ၊ သစ်သားပရိဘောဂများစသည်တို့ပါဝင်သည့် ရုံးသုံးပစ္စည်းကိရိယာများနှင့် ပရိဘောဂများ။

၇။ ကလေးသူငယ်များအတွက်အရုပ်များနှင့် ပျော်ရွှင်စေရန်အတွက်ထောက်ပံ့သည့်ပစ္စည်းများ။

၈။ ရေကိုစစ်ဆေးသည့်ကိရိယာလေးများ၊ ရေ၏အရည်အသွေးကို စောင့်ကြည့်ထိန်းသိမ်းသည့် ပစ္စည်းကိရိယာများ၊ ပိုးသတ်ပေးသည့်ဓာတုပစ္စည်းများ၊ သဲနှင့်အခြားသောအစိုင်အခဲများကို စစ်ထုတ်၍ ရေသန့်စင်ခြင်းစနစ် (water treatment flocculation) စသည်ဖြင့်။

နောက်ဆုံးတင်ဒါများ

လုပ်ငန်းလုပ်ပိုင်ခွင့်ရခြင်း

ယူနီဆက်မြန်မာမှ ဥရောပသမဂ္ဂအဖွဲ့၏ရန်ပုံငွေ (SC 130001) ဖြင့် ကန်ဒေါ်လာ ၁၀၀ ၀၀၀ နှင့်အထက် တန်ဖိုးရှိသော လုပ်ငန်းအမှာစာများနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ မှာယူခြင်း