မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ

အကြောင်းအရာ အချက်အလက် အချုပ် (၂၀၂၄ ခုနှစ် ဇန်နဝါရီ - စက်တင်ဘာ)

UNICEF Myanmar
UNICEF Myanmar/2024/Minzayar Oo

Highlights

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကိုလတ်တလောစောင့်ကြည့်လေ့လာချက်များအရ  ၂၀၂၄ ခုနှစ် ပထမကိုးလတာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်ခံစားရသူအရေအတွက် (၈၈၉ ဦး) ရှိခဲ့ပါသည်။ ဤကိန်းဂဏန်းသည် ၂၀၂၃ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့သော ထိခိုက်ခံစားရသူ အရေအတွက်စုစုပေါင်း၏ (၈၅) ရာခိုင်နှုန်း ရှိနေခဲ့ပြီးဖြစ်ပါသည် (၁၀၅၂ ဦး အစီအရင်ခံခဲ့)။

ဒေသအလိုက်အနေဖြင့် ရှမ်းပြည်နယ်တွင် ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်း၏ (၂၅) ရာခိုင်နှုန်းရှိခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၇) ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် (၁၂) ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။ ကျန်ဒေသများတွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏  (၄၅) ရာခိုင်နှုန်းရှိပါသည်။ 

နိုင်ငံတစ်ဝှမ်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်း၏ (၂၈) ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြပါသည်။ ဤကိန်းဂဏာန်းများသည်  အရပ်သားထိခိုက်ခံစားရမှုများကိုသာ ထင်ဟပ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

UNICEF Myanmar
စာရေးသူများအမည်
UNICEF Myanmar
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English