မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ

အကြောင်းအရာ အချက်အလက် အချုပ် (၂၀၂၄ ခုနှစ် ဇန်နဝါရီ - ဒီဇင်ဘာ)

UNICEF Myanmar
UNICEF Myanmar/2024/Minzayar Oo

Highlights

၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်များဆိုင်ရာ လတ်တလောစောင့်ကြည့်လေ့လာချက်များအရ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း ထိခိုက်ခံစားရသူအရေအတွက် ၁၀၈၂ ဦး  ရှိခဲ့ပါသည်။ ဤကိန်းဂဏန်းသည် ၂၀၂၃ ခုနှစ်က မှတ်တမ်းတင်ခဲ့သည့် ထိခိုက်ခံစားရသူအရေအတွက် ၁၀၅၂ ဦး ထက် အနည်းငယ်မျှ တိုးလာခြင်းဖြစ်ပါသည်။

ဒေသအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ပါက၊ ရှမ်းပြည်နယ်သည် ဖြစ်ရပ်အများဆုံး (၁၅၉ ကြိမ်) နှင့် စုစုပေါင်း ထိခိုက်ခံစားရသူအရေအတွက် ၂၅၆ ဦး (၂၄%) ဖြင့် ဦးဆောင်နေပြီး၊ ယခင်နှစ်ထက် သိသိသာသာ တိုးလာခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ရပ် ၁၀၆ ကြိမ်နှင့် ထိခိုက်ခံစားရသူအရေအတွက် ၁၈၆ ဦး (၁၇%) ဖြင့် ဒုတိယနေရာတွင် ရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ရပ် ၉၁ ကြိမ်နှင့် ထိခိုက်ခံစားရသူအရေအတွက် ၁၃၀ ဦး (၁၂%) ဖြင့် တတိယနေရာတွင် ရှိခဲ့ပါသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုစုပေါင်း ထိခိုက်ခံစားရသူအရေအတွက်၏ ၄၇% ရှိခဲ့ပါသည်။

နိုင်ငံတစ်ဝှမ်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူအရေအတွက်၏ ၂၉% သည် ကလေးသူငယ်များဖြစ်ပါသည်။ ဤကိန်းဂဏန်းများသည် အရပ်သားထိခိုက်ခံစားရမှုများကိုသာ ထင်ဟပ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

UNICEF Myanmar
စာရေးသူများအမည်
UNICEF Myanmar
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English