မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ

အကြောင်းအရာ အချက်အလက် (၂၀၂၅ ခုနှစ် ဇန်နဝါရီ - မတ်)

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet

အဓိကဖော်ပြချက်များ

၂၀၂၅ ခုနှစ်၏ ပထမသုံးလတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ ဖြစ်ရပ်များကို လတ်တလောစောင့်ကြည့်လေ့လာချက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း ထိခိုက်ခံစားရသူအရေအတွက် ၂၂၇ ဦး  ရှိခဲ့ပါသည်။ ဤအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းထိခိုက်ခံစားရသူ ၁,၀၈၂ ဦး၏ ၂၁% ရှိနေပြီဖြစ်ပါသည်။

ဒေသအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ပါက၊  ရခိုင်ပြည်နယ်တွင် ဖြစ်ရပ် ၃၁ ခုနှင့် ထိခိုက်ခံစားရသူအရေအတွက် ၅၂ ဦး (၂၃%) ဖြင့် အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဖြစ်ရပ် ၂၉ ခုနှင့် ထိခိုက်ခံစားရသူအရေအတွက် ၄၉ ဦး (၂၂%) ဖြင့် ဒုတိယနေရာတွင် ရှိခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးက ဖြစ်ရပ် ၂၄ ခုနှင့် ထိခိုက်ခံစားရသူအရေအတွက် ၃၅ ဦး (၁၅%) ဖြင့် တတိယနေရာတွင် ရှိခဲ့ပါသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုစုပေါင်း ထိခိုက်ခံစားရသူအရေအတွက်၏ ၄၀% ရှိခဲ့ပါသည်။

မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်ခံစားရသူ စုစုပေါင်း၏ ၂၆% မှာ ကလေးသူငယ်များ ဖြစ်ကြပါသည်။ ဤကိန်းဂဏန်းများသည် အရပ်သားထိခိုက်ခံစားရမှုများကိုသာ ထင်ဟပ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

စာရေးသူများအမည်
UNICEF Myanmar
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English