Parenting Hub: မိဘများ အတွက် အကူအညီပေး စာမျက်နှာများ

မိဘတွေအနေနဲ့ မိမိတို့ကလေးတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ အခြေအနေတွေကို နားလည်အောင် ဘယ်လိုပြောပြရမလဲ

UNICEF Myanamar
UNICEF Myanmar/2026/Saw Ahkhee Chel

အရေးပေါ်အခြေအနေတွေဆိုတာ အများအားဖြင့် ကြိုတင်အသိပေးထားခြင်း မရှိဘဲ ဖြစ်ပေါ်တတ်ပြီး အကျိုးဆက်အနေနဲ့ မိမိတို့ဘဝတွေမှာ နစ်နာဆုံးရှုံးမှုတွေဖြစ်ကာ အခြေခံကစပြီး ပြောင်းလဲသွားတတ်ပါတယ်။ မိမိတို့ရဲ့ စံထားတဲ့တန်ဖိုးတွေလည်း ပြောင်းလဲသွားပြီး အခွင့်အလမ်းတွေလည်း အကန့်အသတ်ရှိလာတတ်ပါတယ်။ ဒီအခြေအနေတွေမှာ  မသေချာမရေရာမှု၊ မတည်ငြိမ်မှု၊ သတင်းဆိုးများကြားရမှု၊ အဆိုးမြင်စိတ်များလာမှု၊ ရုတ်တရက် အပြောင်းအလဲများနဲ့ ရင်ဆိုင်ရမှု စတာတွေနဲ့အတူ ရောက်လာတတ်ပါတယ်။ 

ဒီအခြေအနေတွေကိုကြုံရတဲ့လူတိုင်းက မလိုလားတဲ့ ဘဝရဲ့ပြောင်းလဲမှုများနဲ့ ရင်ဆိုင်ကြရတတ်ပါတယ်။ အထူးသဖြင့် မိမိအတွက်သာမကဘဲ သားသမီးတွေရဲ့ ကျန်းမာရေး၊ ပျော်ရွှင်သာယာမှုအတွက်ပါ တာဝန်ရှိသူ မိဘတွေအတွက် မကြုံဖူးတဲ့ ပြဿနာအသစ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ပြောင်းလဲမှု အခြေအနေသစ်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ထိန်းသိမ်းပြီး ရှေ့ဆက်နိုင်ကြတဲ့သူတွေရှိသလို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ၊ ကူညီပံ့ပိုးမှုတွေ လိုအပ်တဲ့သူတွေလည်း ရှိကြပါတယ်။  

မိဘတွေ၊ သားသမီးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ အရေးပေါ်အခြေအနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှု ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ရာ ကူညီပေးဖို့အတွက် အောက်ပါအထောက်အကူပြု ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။  

ဆက်စပ်ဆောင်းပါးများ

ချစ်ရတဲ့သူတစ်ယောက် ဆုံးပါးသွားတဲ့အကြောင်း ဘယ်လိုပြောပြမလဲ

သင့်ကလေးရဲ့ ဆုံးရှုံးမှု၊ ဝမ်းနည်းပူဆွေးမှု၊ နာကျင်စရာ ခံစားမှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ကူညီပေးခြင်း

ဖတ်ပါ

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုပေးခြင်း

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုပေးတဲ့ အခါ သင့်အနေနဲ့လုပ်ဆောင်ချက် အခြေခံမူသုံးခုကို သတိပြုသင့်ပါတယ် - ကြည့်ပါ ၊ နားထောင်ပါ ၊ ချိတ်ဆက်ပါ

ဖတ်ပါ

ကလေးများ၏ စိတ်ဖိစီးမှုများကို ဘယ်လိုသိနိုင်မလဲ

ကလေးများတွင် တွေ့ရများသော စိတ်ဖိစီးမှုအပေါ် တုံ့ပြန်မှုများ

ဖတ်ပါ

ပဋိပက္ခအခြေအနေတွေအတွင်းမှာ မိမိကလေးကိုဘယ်လိုပံ့ပိုးပေးမလဲ

အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းဖို့အတွက် အကြံဉာဏ်ပြုချက်များ

ဖတ်ပါ

ဗုံးကြဲနေချိန်အတွင်း မိမိကလေးကို ဘယ်လိုပံ့ပိုးနိုင်မလဲ

ဘေးအန္တရာယ်ကင်းဖို့နဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့အတွက် အကြံပြုချက်များ

ဖတ်ပါ

အသုံးများသည့် နို့တိုက်ပုံနည်းလမ်းများ

နို့တိုက်ကျွေးရာမှာ မိခင်ရော ကလေးပါ သက်သောင့်သက်သာ ဖြစ်စေမည့် နည်းလမ်း ၄ ခု

အကြောင်းအရာများကိုဖတ်ရှုပါ

အပူလှိုင်းဒဏ်မှ ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များ

မိသားစုကို အပူလွန်ကဲခြင်းဒဏ်မှ ကင်းဝေးအောင် ဘယ်လိုထားမလဲဆိုတာ လေ့လာပါ

ဖတ်ပါ

ငလျင်အန္တရာယ်ကင်းဝေးရေးအကြောင်းသိကောင်းစရာများ

မိမိနှင့် မိသားစု ဘေးကင်းစေရေးအတွက် လိုက်နာရန် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ

ဖတ်ပါ