သန့်ရှင်းသောရေဆိုတာ အနာဂတ်အတွက် မျှော်လင့်ချက်ပါ

အမရပူရမြို့က ငလျင်ဘေးသင့်မိသားစုတွေအတွက် သန့်ရှင်းတဲ့ရေက ကျန်းမာရေးအပြင် ဂုဏ်သိက္ခာကိုပါ ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်

By UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2026/Saw Ahkhee Chel
01 ဇူလိုင်လ 2026

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ချောင်းဂွကျေးရွာက မိသားစုတွေအတွက်တော့ ရေဟာ အသက်ရှင်သန်ဖို့ အရင်းအမြစ်ဖြစ်သလို ရရှိနိုင်ဖို့အခက်ခဲဆုံးအရာတစ်ခုလည်း ဖြစ်နေပါတယ်။ မြေနိမ့်ပိုင်းဒေသဖြစ်တဲ့အလျောက် ချောင်းဂွရွာသူရွာသားတွေဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးမှုဒဏ်ကိုပါပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ တစ်နှစ်ထက်တစ်နှစ် ရေတက်တဲ့အမြင့်ပေပိုတိုးလာပြီး အခုနှစ်ဆိုရင် ခြောက်ပေခန့်အထိ မြင့်တက်လာပါပြီ။ ရေတက်လာတဲ့အခါ နေအိမ်တွေရော၊ ကျေးရွာနေ မိသားစုအားလုံး မှီခိုအားထားရတဲ့ ရေတွင်းရေကန်တွေပါ ရေနစ်မြုပ်ကုန်လေ့ရှိပါတယ်။ ဒီလိုနှစ်စဉ်တိုင်းလိုဖြစ်ပွားတဲ့ ရေကြီးရေလျှံမှုတွေက သောက်သုံးရေတွေကို ညစ်ညမ်းစေရုံသာမက အိမ်သာတွေကိုလည်း ရေမြုပ်စေတဲ့အတွက် ရေကြောင့်ဖြစ်တဲ့ရောဂါအန္တရာယ်တွေ အလွန်များလှပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်ပိုများပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Saw Ahkhee Chel မအဲလိဇဘတ်၊ ၃၉ နှစ်၊ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တလမ်းက အထောက်အကူပြုရန် ရက်ကန်းရက်လုပ်နေစဉ်။

နေ့စဉ်ဘဝတွေမှာ စားဝတ်နေရေး ဟန်ချက်ညီအောင်ထိန်းနိုင်ဖို့တောင် အနိုင်နိုင်ရုန်းကန်နေကြရတဲ့ ဘဝတွေအတွက်တော့ ၂၀၂၅ ခုနှစ် မတ်လရဲ့ အင်အားပြင်းငလျင်ကြီးဟာ နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။ ဝင်ငွေအခွင့်အလမ်း အကန့်အသတ်ရှိနေတဲ့ မိသားစုအများစုအတွက် သောက်ရေသန့်ဝယ်ဖို့၊ အိမ်မှာ ရေကိုသန့်စင်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။ ပုံမှန်ဘဝတွေအတွက်တောင် ရုန်းကန်နေကြရချိန်မှာ ကြောက်မက်ဖွယ်ငလျင်ကြီး လှုပ်ခတ်လိုက်ချိန်မှာတော့ နေ့စဉ်ဘဝတွေဟာ ပင်ပန်းတကြီးဖြတ်သန်းရတဲ့ အကျပ်အတည်းတွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ ငလျင်ကြောင့် အိုးအိမ် အဆောက်အဦးတွေနဲ့ အိမ်သာတွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့ပြီး နဂိုကတည်းက ယိုယွင်းနေတဲ့ ကျေးရွာရဲ့ ရေရင်းမြစ်တွေဟာ အတော်လေး စိတ်မချရတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။

ဒီလိုဆိုးရွားတဲ့အခြေအနေတွေကြားက သန့်ရှင်းတဲ့ ရေကို ပြန်လည်အသုံးပြုနိုင်ခဲ့တာဟာ အသက် ၃၉ နှစ်အရွယ် မအဲလိဇဘတ်အတွက်တော့ တကယ့်ကို ပြောင်းလဲမှုတစ်ခုပါပဲ။မအဲလိဇဘတ်ဟာ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းမောင်နဲ့ သားသမီးသုံးယောက်ဖြစ်တဲ့ တိုးတိုးအောင်၊ ၁၄ နှစ်၊ ထက်မောင်မောင်၊ ၇ နှစ်နဲ့ ငါးလသမီးလေး ခွန်းခေတ်ဇွန်တို့နဲ့အတူ နေထိုင်ပါတယ်။

မဆိုစလောက်မျှ ဝင်ငွေဆိုပေမယ့်လည်း မိသားစုဝမ်းရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုဖို့ မအဲလိဇဘတ်က အိမ်မှာ ရက်ကန်းထည်လေးတွေ ရက်လုပ်ပါတယ်။ ခင်ပွန်းဖြစ်သူက ကျပန်းလက်သမားအလုပ်လုပ်ပြီး အလုပ်ရှိတဲ့နေ့တွေမှာတော့ မြန်မာငွေ ၂ သောင်းဝန်းကျင်လောက် ရတတ်ပါတယ်။ အလုပ်တွေက ရှားပါးပြီး ပုံမှန်လည်း မရှိကြတဲ့အတွက် မိဘနှစ်ဦးစလုံးရဲ့ ဝင်ငွေဟာ မိသားစုငါးယောက်ရဲ့ စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့တောင် ခက်ခဲပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Saw Ahkhee Chel ထက်မောင်မောင်၊ ၇ နှစ်၊ က အသစ်တပ်ဆင်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး ရေပေးစက်ကနေ ခပ်ယူလာသည့် သန့်ရှင်းသောသောက်ရေသန့်ကို သောက်သုံးနေစဉ်။

"အရင်ကဆို ကျွန်မတို့ ရေသန့်ဝယ်ဖို့မတတ်နိုင်တော့ ရွာကရေတွင်းက ရေကိုပဲ ဒီအတိုင်းပဲ သောက်ကြတယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်း အခြေအနေက ပိုဆိုးလာယ်" လို့ မအဲလိဇဘတ်က ရှင်းပြပါတယ်။

ငလျင်ကြောင့် နေအိမ်ပျက်စီးခဲ့ပြီး အိမ်သာနဲ့ ရေရင်းမြစ်တွေ ဆိုးဆိုးရွားရွား ထိခိုက်သွားတာကြောင့် မိသားစုအတွက် ကျန်းမာရေးအန္တရာယ်အများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ငလျင်လှုပ်ပြီး သိပ်မကြာခင်မှာပဲ မအဲလိဇဘတ် ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကိုယ်ဝန်ဆောင်လည်းဖြစ်နေတဲ့ မအဲလိဇဘတ်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့အနေအထားပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ အရေးပေါ်အခြေအနေတွေမှာ အဖြစ်များသလို အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေအတွက် အလွန်အန္တရာယ်များလှပါတယ်။

"ကျွန်မကလေးတွေအတွက် အထူးသဖြင့် ကျွန်မရဲ့ လူမမယ်ကလေးလေးအတွက် အရမ်းစိုးရိမ်ခဲ့တာ။ သူတို့ပါ နေမကောင်းဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီး ကျွန်မလန့်နေခဲ့တာ" လို့ ဆိုပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Saw Ahkhee Chel တိုးတိုးအောင်၊ ၁၄ နှစ်၊က ညီငယ် ထက်မောင်မောင်၊ ၇ နှစ်ကို အိမ်သာအသုံးပြုပြီးနောက် လက်ဆေးနည်းကို သင်ပေးနေစဉ်။

မအဲလိဇဘတ်လို အမျိုးသမီးတွေအတွက် ငလျင်လှုပ်ပြီးနောက်ပိုင်းအခြေအနေမှာ တိုးပြီးပူပန်စရာတွေ ရှိနေခဲ့ပါတယ်။ ကလေးတွေရဲ့ အဓိကစောင့်ရှောက်သူတွေဖြစ်တဲ့ မိခင်တွေဟာ ရေရရှိဖို့၊ တကိုယ်ရေသန့်ရှင်းရေးထိန်းသိမ်းဖို့၊ အစားအစာတွေ ပြင်ဆင်ပေးဖို့၊ ကလေးတွေ နာမကျန်းမဖြစ်အောင် ကာကွယ်ဖို့စတာတွေအတွက် တာဝန်ရှိသူတွေပါ။ မိခင်ပင်ပန်းနေတာကို မြင်ရတော့ သားကြီးဖြစ်သူ တိုးတိုးအောင်၊ ၁၄ နှစ်က ချက်ပြုတ်တာ၊ ညီလေးကို ထိန်းတာတွေစတဲ့ အိမ်မှုကိစ္စတွေကို ဝင်ကူပေးပါတယ်။ အဲဒီထဲမှာမှ ရေခပ်ရတဲ့အလုပ်က တော်တော်ပင်ပန်းတဲ့အလုပ်ပါ။ "အရင်ရေတုံကင်တွေတုန်းက နှိပ်ရတဲ့လက်ကိုင်က အလေးကြီးပဲ။ အချိန်လည်း ကြာတယ်။ သားအားနဲ့ဆို နှိပ်ရတာမလွယ်ဘူး။ လူကြီးတွေအားနဲ့မှ နှိပ်လို့ရတာ" လို့ တိုးတိုးအောင်က ပြောပြပါတယ်။ "နောက်ပြီး အဲဒီပိုက်တွေထဲမှာ ဘယ်လိုပိုးမွှားတွေရှိနေမလဲဆိုတာလည်း မသိနိုင်ဘူး။"

ယူနီဆက်ရဲ့ ဘက်စုံ WASH ပြန်လည်ထူထောင်ရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး မြှင့်တင်ရေး ပရောဂျက်ကြောင့် မအဲလိဇဘတ်တို့ မိသားစုတွေ မရှိမဖြစ် အသုံးပြုရမယ့် တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ ရရှိခဲ့ပါတယ်။ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတဲ့ ဒီအစီအစဉ်က မိသားစုတွေကို လီတာ ၂၀ ဆန့် ရေပုံးတစ်ပုံးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကိုလည်း ပံ့ပိုးပေးခဲ့တဲ့အတွက် ပိုပြီးသန့်သန့်ရှင်းရှင်းနဲ့ ရေခပ်နိုင်၊ ရေသိုလှောင်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒီပရောဂျက်ကနေပဲ ပျက်စီးနေတဲ့ အိမ်သာတွေကို ပြန်တည်ဆောက်ဖို့ ထောက်ပံ့ပေးခဲ့တာကြောင့် အားလုံးအတွက် အထူးသဖြင့် အမျိုးသမီးကြီးတွေ၊ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် လုံခြုံမှုနဲ့ အကာအကွယ်တွေ ရရှိစေခဲ့ပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Saw Ahkhee Chel ယူနီဆက်က ပံ့ပိုးပေးသည့်အရာများအနက် တစ်ခုမှာ နေရောင်ခြည်စွမ်းအင်သုံး ရေပေးစနစ်တစ်ခု တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ဤရေပေးစနစ်ကြောင့် ယခုဆိုလျှင် ချောင်းဂွကျေးရွာသူ ကျေးရွာသားများအနေဖြင့် သန့်ရှင်းသည့်ရေကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

A key intervention in Chaung Gwa village was the installation of a new community water supply system, including public tap stands that provide reliable access to safe drinking water. For Toe Toe Aung, the new solar-powered water system brought immediate relief. "We don't have to pump the handle anymore, which is a huge relief," the teenager shared. "It is safe because it is carefully purified."

UNICEF Myanmar
UNICEF Myanmar/2026/Saw Ahkhee Chel Ma Elizabeth, 39, carefully washes the hands of her youngest daughter in front of their home.

His mother agreed, finding comfort in the visibly improved water quality. "The water from the new water system is very clean; there is no smell and no colour," Ma Elizabeth said. "Now I can give this water to my children without worry."

Since gaining access to safe water and improved sanitation, Ma Elizabeth notices improved health and reduced anxiety about her children's well-being. The project's hygiene education has also reshaped the family's daily routines, with Toe Toe Aung actively practicing these life-saving habits at home. "I wash my hands after using the toilet, before eating, and after eating, just to stay as clean as possible," he explained.

UNICEF Myanmar
UNICEF Myanmar/2026/Saw Ahkhee Chel Since gaining access to safe water and improved sanitation, Ma Elizabeth notices improved health and reduced anxiety about her children's well-being.

By restoring access to safe, reliable water and sanitation, UNICEF’s WASH response reduces exposure to preventable diseases, supports child survival, and enables women to care for their families with dignity. As Ma Elizabeth continues rebuilding her family's life and home with support from humanitarian partners, access to clean water remains central to their recovery. With his caregiving burdens lightened, Toe Toe Aung is now focused on his education, proudly sharing his dream to "become an engineer" one day. Watching her children thrive and look toward the future, Ma Elizabeth feels a profound sense of security. "Clean water means health for my children," she said. "It gives us hope for the future."