မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ

အကြောင်းအရာ အချက်အလက် (၂၀၂၅ ခုနှစ် ဇန်နဝါရီ-ဒီဇင်ဘာ)

UNICEF Myanmar
UNICEF Myanmar/2025/Minzayar Oo

အဓိကဖော်ပြချက်များ

၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံး မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ (EO) ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ်စုစုပေါင်း ၅၁၀ ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ အရပ်သား ၇၄၅ ဦး ထိခိုက်သေဆုံးခဲ့သည်။ ဤကိန်းဂဏန်းသည် ၂၀၂၄ ခုနှစ်အတွင်း မှတ်တမ်းတင်ထားသော စုစုပေါင်းထိခိုက်သေဆုံးမှု (၁,၀၈၂ ဦး) ၏ ၆၉ ရာခိုင်နှုန်းဖြစ်ရာ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ပြန့်နှံ့နေမှုကြောင့် ဖြစ်ပေါ်လာသည့် ဆက်လက်ရှိနေသော ဘေးအန္တရာယ်များကို မီးမောင်းထိုးပြနေသည်။

ရှမ်းပြည်နယ်တွင် ဖြစ်စဉ်နှင့် ထိခိုက်သေဆုံးမှု အများဆုံး မှတ်တမ်းတင်ထားပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ်၏ ၃၆ ရာခိုင်နှုန်း (၁၈၂ ခု) နှင့် ထိခိုက်သေဆုံးမှု၏ ၃၃ ရာခိုင်နှုန်း (၂၄၅ ဦး) ရှိခဲ့သည်။ ၎င်းနောက်တွင် ရခိုင်ပြည်နယ်က ဖြစ်စဉ် ၇၄ ခု (၁၅ ရာခိုင်နှုန်း) နှင့် ထိခိုက်သေဆုံးသူ ၁၁၇ ဦး (၁၆ ရာခိုင်နှုန်း) ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည် ဖြစ်စဉ် ၅၈ ခု (၁၁ ရာခိုင်နှုန်း) နှင့် ထိခိုက်သေဆုံးသူ ၈၂ ဦး (၁၁ ရာခိုင်နှုန်း) ဖြင့် တတိယမြောက်ဖြစ်သည်။ ကျန်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး စုစုပေါင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ် ၃၈ ရာခိုင်နှုန်းနှင့် ထိခိုက်သေဆုံးမှု ၄၀ ရာခိုင်နှုန်းခန့် ရှိသည်။

၂၀၂၅ ခုနှစ်အတွင်း ကလေးသူငယ်ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၅၅ ဦး ရှိခဲ့ပြီး၊ ၎င်းသည် တစ်နိုင်ငံလုံးရှိ ထိခိုက်သေဆုံးမှုအားလုံး၏ ၂၁ ရာခိုင်နှုန်းဖြစ်သည်။ ဤကိန်းဂဏန်းများအားလုံးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စောင့်ကြည့်လေ့လာရေး မိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော အချက်အလက်များပေါ်တွင် အခြေခံထားသည့် အရပ်သားထိခိုက်သေဆုံးမှုများသာ ဖြစ်သည်။

စာရေးသူများအမည်
UNICEF Myanmar
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English