မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ

အကြောင်းအရာ အချက်အလက် (ဇန်နဝါရီ-မတ် ၂၀၂၆)

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo

Highlights

၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ (EO) ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ်စုစုပေါင်း ၁၆၉ ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ အရပ်သား ၂၅၃ ဦး ထိခိုက်သေဆုံးခဲ့သည် ။ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ပြန့်နှံ့နေမှုကြောင့် ဖြစ်ပေါ်လာသည့် ဆက်လက်ရှိနေသော ဘေးအန္တရာယ်များကို ဤအချက်က မီးမောင်းထိုးပြနေသည်။

ရှမ်းပြည်နယ်တွင် ထိခိုက်သေဆုံးမှု အများဆုံး မှတ်တမ်းတင်ထားပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ်၏ ၁၆.၅၇ ရာခိုင်နှုန်း (၂၈ ခု) နှင့် ထိခိုက်သေဆုံးမှု၏ ၁၉.၃၇ ရာခိုင်နှုန်း (၄၉ ဦး) ရှိခဲ့သည်။ ၎င်းနောက်တွင် မန္တလေးတိုင်းဒေသကြီးက ဖြစ်စဉ် ၂၈ ခု (၁၆.၅၇ ရာခိုင်နှုန်း) နှင့် ထိခိုက်သေဆုံးသူ ၄၆ ဦး (၁၈.၁၈ ရာခိုင်နှုန်း) ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည် ဖြစ်စဉ် ၂၈ ခု (၁၆.၅၇ ရာခိုင်နှုန်း) နှင့် ထိခိုက်သေဆုံးသူ ၄၁ ဦး (၁၆.၂၁ ရာခိုင်နှုန်း) ဖြင့် တတိယမြောက်ဖြစ်သည်။ ကျန်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး စုစုပေါင်းသည် ဖြစ်စဉ် ၈၅ ခုနှင့် ထိခိုက်သေဆုံးမှု ၁၁၇ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးမှု၏ ၄၆ ရာခိုင်နှုန်းခန့် ရှိသည် ။

ကလေးသူငယ်ထိခိုက်သေဆုံးမှု စုစုပေါင်း ၇၄ ဦး ရှိခဲ့ပြီး၊ ၎င်းသည် တစ်နိုင်ငံလုံးရှိ ထိခိုက်သေဆုံးမှုအားလုံး၏ ၂၉.၂၅ ရာခိုင်နှုန်းဖြစ်သည်။ ဤကိန်းဂဏန်းများအားလုံးသည် အရပ်သားထိခိုက်သေဆုံးမှုများသာ ဖြစ်သည်ကို သတိပြုရန် အရေးကြီးသည်။

စာရေးသူများအမည်
UNICEF Myanmar
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English