ဘေးအန္တရာယ် လျော့ပါးရေး
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နိုင်ငံတွင် ဘေးဒဏ်ခံနိုင်ရည်စွမ်းတည်ဆောက်ပေးခြင်း
စိန်ခေါ်မှု
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင် ဖွဲ့စည်းပုံသည် ကမ္ဘာ့အန္တရာယ်အများဆုံး နိုင်ငံများအကြားတွင် နေရာယူ ရပ်တည်လျက်ရှိပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် နိုင်ငံတွင်အချိန်အခါအားလျော်စွာ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မုန်တိုင်းများ၊ ဆိုင်ကလုန်းများနှင့် မိုးခေါင်မှုဒဏ်ကို ပိုမိုဆိုးရွားစေပါသည်။ သဘာဝ ဘေးအန္တရာယ်များသည် အဓိကအားဖြင့် သဘာဝဖြစ်စဉ် တစ်ခုတည်း၏ ရလဒ်မဟုတ်ကြောင်း၊ ယင်းတို့ကြုံတွေ့နေရသည့် ဘေးအန္တရာယ်များသည် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်နိုင်စွမ်းနှင့် စွမ်းရည်ကို ထင်ဟပ်စေကြောင်းကို ယခုအခါ နားလည်သဘောပေါက်လာပြီ ဖြစ်ပါသည်။
ကလေးသူငယ်များသည် မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံကျော်ကို ကိုယ်စားပြုနေပြီး ယင်းတို့သည် သဘာဝဘေးအန္တရာယ်ဒဏ်များကို အချိုးအစားမညီမျှစွာ ခံစားနေရပါသည်။ ကလေးသူငယ်များသည် နိမ့်ကျသည့် ကျန်းမာရေး၊ ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုတို့၏ ဆိုးရွားသော ဒဏ်ခံနေရသူများတွင် ရှေ့ဆုံးမှ အမြဲလိုလိုပါဝင်နေကြသဖြင့် ကလေးများ၏ ဤစိန်ခေါ်မှုများသည် ပိုမိုများပြားကျယ်ပြန့်သောလူဦးရေ၏သုခချမ်းသာကို ထိခိုက်စေမည့်အန္တရာယ်များ ပိုရှိလာစေနိုင်ကြောင်းကို သတိပေးလျှက်ရှိပါသည်။
ဘေးအန္တရာယ်လျော့ပါးရေး (DRR) သည် သဘာဝဘေးအန္တရာယ်များမှ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲပြီး ခိုင်မာသည့် အမျိုးသားအဆင့် စီမံကိန်းများ၊ စနစ်များဖြင့် သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲခြင်း၊ ပိဋိပက္ခများနှင့် ကပ်ရောဂါများကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းခြင်း
ဖြေရှင်းနည်း
ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားမှုသည် နိုင်ငံများ၏ ဘေးဒဏ်ခံနိုင်ရည်စွမ်းတည်ဆောက်ရာတွင်အကူအညီဖြစ်စေပြီး စဥ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေပါသည်။ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအမျိုးသားစီမံကိန်းရေးဆွဲခြင်း၏ အဓိကကျသော အခန်းကဏ္ဏတွင်ပါဝင်စေခြင်းသည် အထိခိုက်လွယ်ဆုံး လူဦးရေများကို အကာအကွယ်ပေးရာ ရောက်ပါသည်။
ကျွန်ုပ်တို့၏ ၂၀၁၇ ခုနှစ် ကလေးသူငယ် ဗဟိုပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်လေ့လာချက်တွင်မြို့နယ်အဆင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အသေးစိတ် ဆန်းစစ်ချက်များပါဝင်ပြီးအစိုးရဌာနဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ထည့်သွင်းစဉ်းစားသည့် အစီအစဉ်များ၊ စီမံကိန်းများရေးဆွဲရာတွင် အရေးကြီးသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အချက်အလက်များ ပံ့ပိုးပေးထားပါသည်။
ယူနီဆက်သည် အစိုးရနှင့် ရပ်ရွာလူထုမှရင်ဆိုင်နေရသည့် ဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရေးအတွက် ကလေးသူငယ်များနှင့် လူသားတို့၏ ဘေးအန္တရာယ်များနှင့် ထိခိုက်လွယ်မှုများကို လျှော့ချပေးသည့် လက်တွေ့လုပ်ဆောင်ချက်များဖြင့် ပံ့ပိုးကူညီခဲ့ပါသည်။
သဘာဝဘေးအန္တရာယ် လျေ့ာပါးရေးတွင် ကလေးသူငယ်များကို ဦးစားပေးထည့်သွင်းခြင်းသည် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ထိရောက်သော မူဝါဒ၏ အရေးပါသော ကိစ္စရပ်တခုဖြစ်ပါသည်။
အသစ်တည်ဆောက်ထားသည့် မုန်တိုင်းဒဏ်ခံနိုင်သော ကလေးပျော်စာသင်ကျောင်းများသည် ယခုအခါ ဘေးကင်းလုံခြုံသော စံပြစာသင်ကျောင်းများဖြစ်လာပါသည်။ မူလတန်းကျောင်းများတွင် သဘာဝဘေးအန္တရာယ်အကြောင်း သင်ကြားပို့ချခြင်းသည် ကလေးများ အတွက် အသက်ကယ် ဗဟုသုတများကို ရရှိလာစေပါသည်။ ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသော နေရာများရှိ အာဟာရဆိုင်ရာ စောင့်ကြည့်လေ့လာရေးစနစ်သည် အသက်ငယ်သည့် ကလေးသူငယ်များအကြား အာဟာရချို့တဲ့မှုနှုန်းကို အချိန်မှီ သတိပေးနိုင်ပြီး၊ ပိုမိုများပြားသည့် လူဦးရေတွင် ဖြစ်ပေါ်ရန် အလားအလာရှိသော အာဟာရချို့တဲ့မှုအန္တရာယ်များနှင့်စပ်လျဥ်း၍လည်း မိတ်ဖက်အဖွဲ့အစည်းများကိုသတိပေးနိုင်ပါသည်။
ယူနီဆက်သည် အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို သိုလှောင်ရုံရှိ အရေးပေါ် အထောက်အပံ့ပစ္စည်းများကို ထိရောက်စွာ စီမံခန့်ခွဲတတ်စေရန် သင်တန်း ပို့ချပေးမှုများနှင့်ဘေးအန္တရာယ်လျော့ပါးရေးနှင့် ဘေးတုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ထိခိုက်လွယ်ဆုံး အုပ်စုများဖြစ်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်ပါ သင်တန်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။
ထို့အပြင် ယူနီဆက်သည် မရှိမဖြစ်လိုအပ်သော လူမှု၀န်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးရာတွင် ပိုမို၍ဘေးဒဏ်ခံနိုင်ရည်ရှိပြီး အမျိုးသားစနစ်များနှင့် လိုက်လျောညီထွေရှိစေရေးအတွက် အခက်အခဲများနှင့် အတားအဆီးများကို ဆန်းစစ်လျက်ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံများအရ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများကို လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များအတွင်း ထည့်သွင်းခြင်းသည် ကလေးသူငယ်များနှင့် မိသားစုများအတွက် ဘေးအန္တရာယ်များကို ပိုမိုကောင်းမွန်စွာ စီမံနိုင်စေရုံသာမက ဆင်းရဲနွမ်းပါးမှုသံသရာကို ချိုးဖျက်နိုင်ပြီး ဘေးဒဏ်ခံနိုင်ရည်စွမ်းတည်ဆောက်မှုကိုပါ အထောက်အကူပြုကြောင်း ဖော်ပြထားပါသည်။