အရေးပေါ်အ‌ခြေအနေများနှင့် အစုဖွဲ့ညှိနှိုင်းမှုမှ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး WASH

သုံးရေ၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့များကို ပဋိပက္ခဖြစ်ပွားရာဒေသများနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားရာဒေသများရှိ ထိခိုက်လွယ်သည့် လူများဆီသို့ အရောက်ပို့ပေးခြင်း

WASH in emergencies programme cover
UNICEF Myanmar/2018/Nyan Zay Htet

စိန်ခေါ်မှု

မြန်မာနိုင်ငံသည် ရာသီဥတုနှင့် သက်ဆိုင်သည့် အရေးပေါ် အခြေအနေများဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်းများ၊ မိုးခေါင်မှုနှင့် ရေကြီးမှုများကို ပုံမှန် ကြုံတွေ့နေရပါသည်။ တစ်ချိန်တည်းမှာပင် ထောင်ပေါင်းများစွာသော လူများသည် ပဋိပက္ခကြောင့် အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးနေရပါသည်။

အရေးပေါ်အခြေအနေဖြစ်သည့် ရရှိရန် ခက်ခဲသည့်နေရာများတွင် နေထိုင်နေရသည့် လူများသည် သောက်သုံးရန်အတွက် ရေ၊ ချက်ပြုတ်စားသောက်ရန်နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ရေများရရှိရန် အခက်အခဲဖြင့် ရင်ဆိုင်နေရပါသည်။ ခိုလှုံရာနေရာများနှင့် စခန်းများတွင် အိုးမဲ့အိမ်မဲ့များနှင့် မသန်စွမ်းသူများ၊ ကလေး သူငယ်များနှင့် အမျိုးသမီးများ ကဲ့သို့သော ထိခိုက်လွယ်အုပ်စုများသည် အသက် ကယ်တင်ရန်နှင့် ဆက်လက်ရှင်သန်ရန်အတွက် ရေနှင့် မိလ္လာဆိုင်ရာ ထောက်အပံ့များ ကို ပိုမို၍ လိုအပ်နေကြပါသည်။

များစွာ ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နေသည့် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားသည် လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် စဥ်ဆက်မပြတ်သော အထောက်အပံ့နှင့် ခိုင်မာစွာ ညှိနှိုင်းထားသည့် အမျိုးသားဆိုင်ရာ အရေးပေါ် တုံ့ပြန်မှုစနစ်တို့ကို လိုအပ်နေပါသည်။

ဤသည်တို့တွင် နိုင်ငံတစ်ဝှမ်းနှင့် ဒေသဆိုင်ရာ ညှိနှိုင်းစနစ်များကို ခိုင်မာအောင် ပြုလုပ်ပေးခြင်းနှင့် အရင်းအမြစ်များကို လုံလောက်စွာ ခွဲဝေပေးခြင်းတို့ ပါဝင်ကြပါသည်။ မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းကဲ့သို့သော အချိန်ကြာမြင့်သည့် ဘေးအန္တရာယ်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရန်အတွက် ကြိုတင်သတိ ပေးနိုင်မည့် စနစ်များကို အဆင့်မြင့်တင်ရန် လိုအပ်ပါသည်။ အရေးပေါ်အခြေအနေ၏ အစောပိုင်းကာလများတွင် ခရိုင်နှင့် မြို့နယ်ရှိ ဝန်ထမ်းများ၏ လုပ်ဆောင်နိုင်စွမ်းကို စဥ်ဆက်မပြတ် အားဖြည့်ရန် လိုအပ်ပါသည်။ ထောင်ပေါင်းများစွာသော ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအတွက် အခြေခံ၀န်ဆောင်မှုများ ဆက်လက်ထိန်းသိမ်းရန် ရေရှည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးရန် ထိရောက်သော စနစ်များ လိုအပ်ပါသည်။

UNICEF
UNICEF Myanmar/2018/Nyan Zay Htet

လူသားပေါင်း ၈၀၀,၀၀၀ ကျော်သည် ၂၀၁၈ ခုနှစ်တွင် လုံလောက်သော အခြေခံ WASH ပံ့ပိုးမှုအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လိုအပ်နေပါသည်။

ဖြေရှင်းနည်း

ယူနီဆက်သည် အခက်အခဲကာလများဖြစ်သည့် အရေးပေါ်အခြေအနေများတွင် မိန်းကလေးများ၊ ယောင်္ကျားလေးများနှင့် အမျိုးသမီးများ လိုအပ်သည့် အထောက်အပံ့နှင့် အသုံးအဆောင်များကို ရရှိရန် လျှင်မြန်ပြီး ထိရောက်သည့် WASH ဝန်ဆောင်မှုများကို ပို့ချပေးရန် အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ကူညီပံ့ပိုးပေးပါသည်။ ယူနီဆက်သည် နိုင်ငံအဆင့်နှင့် ဒေသအဆင့် အစုဖွဲ့ညှိနှိုင်းမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အထောက်အပံ့ကို ပံ့ပိုးပေးနေပါသည်။

ယူနီဆက်သည် လူသားချင်းစာနာ ထောက်ထားသည့် WASH တုံ့ပြန်မှုကို လူထုအခြေပြုအဖွဲ့အစည်း (CSOs)၊ အစိုးရ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်းနှင့် ပြည်နယ် ခုနှစ်ခုရှိ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေသည့် အရေးပေါ် အခြေအနေနှင့် မုတ်သုံရေကြီးမှုများကို  ကာကွယ်ရန် တိုက်ရိုက်အကောင်အထည်ဖော်ခြင်းတို့မှ တဆင့် ခန့်မှန်းခြေ ၃၃၃,၉၁၀ သော လူဦးရေကို ကူညီပြီး ဖြစ်ပါသည်။

UNICEF
UNICEF Myanmar/2018/Nyan Zay Htet

ကျွန်ုပ်တို့သည် အရေးပေါ်အခြေအနေများတွင် WASH အတွက် တစ်နိုင်ငံလုံးဆိုင်ရာ စီမံကိန်းကို လည်ပတ်ရန် အစိုးရ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စဥ်ဆက်မပြတ် လုပ်ကိုင်လျက် ရှိပါသည်။ ဆိုလိုသည်မှာ နိုင်ငံအဆင့်နှင့် ဒေသအဆင့်ရှိ အဓိက တာဝန်ရှိသူများအကြား လုပ်နိုင်စွမ်းရည်ကို တည်ဆောက်ရာတွင် ကူညီပံ့ပိုးပေးခြင်း၊ လက်ငင်းချက်ချင်းနှင့် ကာလရှည် အခက်အခဲအခြေအနေများတွင် ပြင်ဆင်ရန် လိုအပ်သည့် အရေးပေါ်ပံ့ပိုးမှု စနစ်များ လည်ပတ်မှုကို ခိုင်မာအောင် ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေး၊ အာဟာရနှင့် ပညာရေးကဲ့သို့ မတူညီသည့် အဓိက ကဏ္ဍများတွင် သုံးရေနှင့် မိလ္လာဆိုင်ရာ စိန်ခေါ်မှုများကို ဆီလျော်သော တုံ့ပြန်မှုများဖြင့် ဖြေရှင်းပေး ခြင်းတို့ ပါဝင်ပါသည်။

လုပ်ငန်းဆောင်တာနှင့် တာဝန်ယူမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားများနှင့် ထိရောက်သည့် ထောက်ပံ့ရေးစနစ်များ အပါအဝင် အရေးကြီးသည့် ဝန်ကြီးဌာန များအကြား ပိုမိုခိုင်မာသည့် ညှိနှိုင်းဆောင်ရွက်မှု တည်ဆောက်မှုကို ခိုင်မာစေ ခြင်းသည် နိုင်ငံတော်နှင့် ဒေသအဆင့်တို့တွင် ဆက်လက်လိုအပ်နေမည် ဖြစ်ပါသည်။ အရေးပေါ်အခြေအနေများတွင် ကလေးသူငယ်များ၏ အခွင့်အရေးကို ထိန်းသိမ်းရန်အတွက် ကျွန်ုပ်တို့၏ လမ်းညွှန်စည်းမျဥ်းဖြစ်သည့် ကလေးသူငယ် များအတွက် ယူနီဆက်၏ အဓိကကတိကဝတ်များအပေါ်နှင့် လူသားချင်း စာနာ မှုလိုအပ်ချက်များအပေါ် အခြေခံ၍ အရေးပေါ်အခြေအနေများအတွင်း သောက်သုံး ရေနှင့် သန့်ရှင်းရေး ပါဝင်သည့် အရင်းအမြစ်များကို ဆက်လက်၍ ဦးဆောင် ကူညီသွားမည် ဖြစ်ပါသည်။
 

အရင်းအမြစ်များ