ကျောင်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဌာနများရှိရေ၊ပတ်ဝန်းကျင်နှင့်တစ်ကိုယ်ရေသန့်ရှင်းရေး
သောက်သုံးရေ၊ တစ်ကိုယ်ရေ နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (မိလ္လာ) ဆိုင်ရာအထောက်အပံ့ပစ္စည်းများရရှိခြင်း
စိန်ခေါ်မှု
ကျောင်းများတွင် လုံလောက်သော သောက်သုံးရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး (ရေဆိုး နှင့် မိလ္လာ) ဆိုင်ရာ အဆောက်အဦး/ အသုံးအဆောင်များ မရှိခြင်းသည် ကလေးသူငယ်များ၏ ပညာရေး အောင်မြင်မှုများကို လျော့ကျစေပြီး ကျောင်းခေါ်ချိန်များလည် လျော့နည်းလာစေနိုင်ပါသည်။
ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် ဌာနများတွင် ယုံကြည်စိတ်ချရသည့် သောက်သုံးရေ၊ အိမ်သာနှင့်မိလ္လာစနစ်ကို မရရှိခြင်းသည် အရည်အသွေးပြည့်ဝသည့်ဝန်ဆောင်မှုများကို ပေးနိုင်မည်မဟုတ်ပေ။
အဆောက်အအုံများတွင် ယင်လုံအိမ်သာများ လုံလောက်စွာ မရှိပါက ကလေးသူငယ် များနှင့် ယင်းတို့၏ မိသားစုများသည် ကျောင်းများနှင့် စောင့်ရှောက်မှုပေးသည့် ဌာနများသို့ သွားရောက်ခြင်းကို ရှောင်ကြဥ်နေကြမည် ဖြစ်ပါသည်။
ကျောင်းအများစုရှိ ယင်လုံအိမ်သာများမှာ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အတွက် သင့်တော်ခြင်းမရှိပါ။ လုံလောက်သည့် အသုံးအဆောင်ပစ္စည်းများ မရှိခြင်း ကြောင့် အမျိုးသမီးများအတွက် ပိုမိုခက်ခဲပါသည်။ မိန်းကလေးများအနေဖြင့် သီးသန့်နေရာများအပါအ၀င် ရာသီလာချိန်အတွင်း သင့်တော်သည့် အသုံးအဆောင်များ မရှိခြင်းသည် ကျောင်းတက်ရောက်မှုနှင့် အောင်မြင်မှုအပေါ် အကျိုးသက်ရောက်နေကြောင်း တွေ့ရပြီး အချို့သော မိန်းကလေးများသည် ကျောင်းရပ်နားလိုက်သည်အထိ တွေ့ရပါသည်။
မြန်မာနိုင်ငံရှိ ကျောင်းများ၏ ၂၃ ရာခိုင်နှုန်းသာလျှင် နိုင်ငံတကာအခြေခံစံနှုန်းဖြစ်သည့် ကျောင်းသား ၂၅ ဦးလျှင် အိမ်သာတစ်ခုနှုန်းကို ပြည့်မှီကြပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့်ဌာန များတွင် ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အမျိုးသားအဆင့် လမ်းညွှန်ချက်များ ၊ စံချိန်စံညွှန်းနှင့်အညီ ပံ့ပိုးပေးရန် လည်း လိုအပ်နေပါသည် ။
လေ့လာတွေ့ရှိချက်များအရ ဆေးရုံများ သည် ဆေးကြောရန်နှင့် သောက်သုံးရန် ရေအလုံအလောက်မရှိခြင်း၊ ခြင် ေပါက္ဖြားမွူ မှ မကာကွယ်နိုင်ခြင်း၊ မလုံလောက်သော သန့်ရှင်းမှု၊ လုံလောက်သော ဘတ်ဂျက်မရှိခြင်းနှင့် ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက် ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်းတို့ မရှိ ကြောင်း တွေ့ရပါသည်။
ကျန်းမာရေးဌာနများတွင် သန့်ရှင်းမှုမရှိခြင်းကြောင့် ကူးစက်ရောဂါများဖြစ်ခြင်းသည် ရောဂါစတင်ဖြစ်ခြင်းနှင့် မိခင်နှင့် ကလေးသူငယ်များ သေဆုံးခြင်း၏ အဓိက အကြောင်းအရာဖြစ်နေပါသည်။
ကျန်းမာရေးဌာနများမှ ကူးစက်ရောဂါများကို ကြောက်ရွံ့ခြင်းကြောင့် အမျိုးသမီးများသည် အကန့်အသတ်နှင့် သို့မဟုတ် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်နိုင်သည့် အိမ်တွင်သာ ကလေးမွေးဖွားရန် ရွေးချယ်ကြပါသည်။
ဖြေရှင်းနည်း
ယူနီဆက်သည် မသန်စွမ်းကလေးငယ်များနှင့် မိန်းကလေးငယ်များ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ဒီဇိုင်းများ အပါအ၀င် ကျောင်းရှိ WASH အသုံးအဆောင် ပစ္စည်းများအတွက် လိုအပ်သည့် အနိမ့်ဆုံးလိုအပ်ချက်များကို ချ မှတ် အကောင်အထည်ဖော်ရန်အတွက် နည်းပညာဆိုင်ရာအကူအညီဖြင့် အစိုးရအားပံ့ပိုးပေးရန် လုပ်ဆောင်နေပါသည်။
ယူနီဆက်၏ ပံ့ပိုးမှုဖြင့် ရေးဆွဲခဲ့သည့် WASH အဆောက်အအုံများအရေအတွက်နှင့် အရည်အသွေးကို သိသိသာသာ တိုးမြှင့်နိုင်ရန် ဦးတည်ချက်များနှင့် အစီအစဉ်များကို ၂၀၁၆-၂၀၃၀ အတွက် the National WASH strategy တွင်ဖော်ပြထားပါသည်။
ကျွန်ုပ်တို့သည် သင့်တော်သည့် WASH အဆောက်အဦးများနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု ဆိုင်ရာ အပြုအမူများ တိုးတက်စေရန် ကျောင်းစီမံခန့်ခွဲမှုနှင့် မိဘဆရာအသင်းအဖွဲ့များကို စွမ်းရည်တိုးမြှင့်နိုင်ရန်လုပ်ငန်းစဥ်များ တွင်လည်း အစိုးရကိုပံ့ပိုးပေးပါသည်။ ကျန်းမာရေးအလေ့အထများကို သင်ပေးခြင်း၊ အလေ့အကျင့်ပြုလုပ်ပေးခြင်းနှင့် နေ့စဥ်ကျောင်းလုပ်ရိုးလုပ်စဥ်များတွင် သင်ကြားပေးခြင်းတို့ ပါဝင်သည့် ကျောင်းများ ရှိ WASH လုပ်ငန်းစဉ်တွင် ယူနီဆက်၏ Global Three Star ချဥ်းကပ်မှုကို လိုက်နာကျင့်သုံးသည့် Thant Shin Star (Mr. Clean) ၏ ချဥ်းကပ်မှုအောက်တွင် ဆောင်ရွက်ခဲ့ပါသည်။
ယူနီဆက်သည် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ကမ်ပိန်များကို ပံ့ပိုးပေးခြင်း၊ ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဌာနများတွင် ကောင်းမွန်သည့် ရလဒ်များကို မြှင့်တင်ရန် အစပျိုးပေးခြင်းနှင့် နိုင်ငံတစ်ဝှမ်း စံချိန် စံနှုန်းနှင့် ကိုက်ညီသည့် WASH အထောက်အပံ့ပစ္စည်းများ ပြည့်မီရရှိစေရန် ထိရောက်သော စီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို အရှိန်အဟုန် မြှင့်တင်ပေးရန်အတွက် ဘတ်ဂျက်ရေးဆွဲခြင်းများတွင် ဆက်လက်၍ ဦးဆောင်သွားမည် ဖြစ်ပါသည်။