ကျေးလက်ဒေသရေပေးရေး

အသက်ရှင်သန်ရေးအတွက် လုံခြုံစိတ်ချရပြီး လူတိုင်းတတ်နိုင်သည့် ရေပေးရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်း

UNICEF
UNICEF Myanmar/2016/Kyaw Kyaw Winn

စိန်ခေါ်မှု

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများသည် မြို့ပြများမှာကဲ့သို့ လုံခြုံစိတ်ချရပြီး လူတိုင်းတတ်နိုင်သည့် ရေပေးရေးဝန်ဆောင်မှုများ ရရှိခြင်း မရှိဘဲနောက်ကျ ကျန်ရစ် နေခဲ့ပါသည်။ အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၏ ရှင်သန်ရေးနှင့် ကျန်းမာရေးတို့ အပေါ်တွင် ဆိုးကျိုးများ သက်ရောက်နေပါသည်။  

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနိုင်ငံ၏ မြို့ပြဒေသများသည် လုံခြုံ စိတ်ချရမှု မရှိသော ရေအရင်းအမြစ်များမှ ရယူသုံးစွဲနေသူ အရေအတွက် တိုးပွား လျက်ရှိသည့် အာဆီယံနိုင်ငံ အနည်းစုထဲမှ နိုင်ငံ တစ်ခုဖြစ်ပါသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စု အားလုံး၏ (၈၁.၇) ရာခိုင်နှုန်းသည် အခြေခံစနစ်ရှိသော (အနိမ့်ဆုံး) သောက်သုံးရေ ၀န်ဆောင်မှုမှ ရေကို သောက်ရေအဖြစ် ရရှိအသုံးပြုနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အိမ်ထောင်စုအားလုံး၏ (၄၁.၄) ရာခိုင်နှုန်းသည် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ၀န်ဆောင်မှုမှ ရရှိသောရေကို သောက်ရေ အဖြစ် အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေ ၀န်ဆောင်မှု ဆိုသည်မှာ ကောင်းမွန်သောရေအရင်းအမြစ်များမှ သောက်သုံးရေ ရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသည် မိမိအိမ်၀င်းအတွင်း တည်ရှိပြီး  လိုအပ်သည့်အချိန်တိုင်း ရေရသည့်အပြင် အီးကိုလိုင်းပိုးမွား ကင်းစင်ရ ပါမည်။  အိမ်ထောင်စုအားလုံး၏ (၄၀.၃)ရာခိုင်နှုန်းသည် အခြေခံစနစ်ရှိသော သောက်သုံးရေ ၀န်ဆောင်မှုမှ ရရှိသောရေကို သောက်ရေအဖြစ် အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ အခြေခံစနစ်ရှိသော သောက်သုံးရေ ၀န်ဆောင်မှုဆိုသည်မှာ ကောင်းမွန်သော ရေအရင်းအမြစ်များမှ သောက်သုံးရေ ရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသို့ ရေသွား ရောက်ခပ်ယူရန်အတွက် မိနစ်(၃၀)အောက်သာ ကြာမြင့်ပါသည်။ 

မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ (၀.၄) ရာခိုင်နှုန်းသာလျှင် အကန့်အသတ်ရှိသော သောက်သုံးရေ ၀န်ဆောင်မှုမှ ရေကို သောက်ရေအဖြစ် ရရှိအသုံးပြုနေသည်ကို တွေ့ရှိရပါသည်။ အကန့်အသတ်ရှိသော သောက်သုံးရေ၀န်ဆောင်မှုဆိုသည်မှာ ကောင်းမွန်သော ရေအရင်းအမြစ်များမှ သောက်သုံးရေရရှိခြင်းဖြစ်ပြီး ထိုရေအရင်း အမြစ်များသို့ ရေသွားရောက်ခပ်ယူရန်အတွက် မိနစ် (၃၀) အထက် ကြာမြင့်ပါသည်။ သို့သော် သန့်ရှင်းမှုမရှိဘဲ အကာအကွယ်မရှိသော ရေအရင်းအမြစ် များမှ ရေကို သောက်ရေအဖြစ် ရယူသုံးစွဲသည့် အိမ်ထောင်စုပေါင်းမှာ (၅.၅) ရာခိုင်နှုန်း ရှိနေသေး သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ ထို့အပြင် အိမ်ထောင်စုအားလုံး၏ (၁၂.၄) ရာခိုင်နှုန်းသည် မြေပေါ်ရေ ဖြစ်သည့် မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ တူးမြောင်းရေ၊ ကန်ရေတို့ကို သောက်ရေအဖြစ် အသုံးပြုနေကြကြောင်း တွေ့ရှိရပါသည်။ မြို့ပေါ် အိမ်ထောင်စု အားလုံး၏ (၃.၇) ရာခိုင်နှုန်းသာလျှင် မြေပေါ်ရေကို သောက်ရေအဖြစ် အသုံးပြုကြသော်လည်း ကျေးလက်ဒေသ အိမ်ထောင်စုအားလုံး၏ (၁၅.၈) ရာခိုင်နှုန်း သည် မြေပေါ်ရေကို သောက်ရေအဖြစ် အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။
 

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ၀န်ဆောင်မှုမှ ရရှိသော ရေကို သောက်ရေအဖြစ် အသုံးပြုခြင်းကို မြို့ပြဒေသတွင် (၆၃.၈) ရာခိုင်နှုန်း တွေ့ရှိရသော်လည်း ကျေးလက်ဒေသတွင် (၃၂.၇) ရာခိုင်နှုန်းသာ တွေ့ရှိရပါသည်။

UNICEF
UNICEF Myanmar/2016/Kyaw Kyaw Winn

ရခိုင်ပြည်နယ် အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အောက်ပိုင်းကမ်းရိုးတန်း ဒေသများတွင် နေထိုင်ကြသည့် ကလေးသူငယ်များသည် လုံခြုံစိတ်ချရသည့် ရေရှိမှုမှ အလှမ်းကွာဝေးနေပါသည်။ သန့်ရှင်းပြီး အရည်အသွေးပြည့်ဝသည့်ရေနှင့် မိလ္လာ စနစ်ကို မရရှိခြင်းသည် မြို့ပြဒေသများထက် ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် ကျေးလက်ဒေသများတွင် ပိုမိုမြင့်မား၍  ကျန်းမာရေး၊ အာဟာရရှိမှုနှင့် သေဆုံးမှု ရလဒ်များကို သိသာထင်ရှားစွာ အကျိုးသက်ရောက်မှု ဖြစ်စေပါသည်။  

မြန်မာနိုင်ငံရှိ ရေပေးဝေရေးလုပ်ငန်းများသည် ရေရှည်စီမံ ခန့်ခွဲမှုနှင့် လုံလောက်သော ရင်းနှီးမြုပ်နှံမှုတို့အတွက် အတိုင်းအတာတစ်ခု ထိသာစဉ်းစားပြီး အ‌ခြေခံ လိုအပ်ချက်များနှင့် ကာလတိုစီမံကိန်းများပေါ်တွင်သာ အာရုံစိုက် အလေးပေး နေပါသည်။  လူ့အဖွဲ့ အစည်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ ဆေးခန်း များတွင် စဥ်ဆက်မပြတ်သော ရေပေးဝေမှု ဝန်ဆောင်မှုများကို ကာလရှည် တည်တံ့ နေစေရန်အတွက် လုပ်ငန်း လည်ပတ်ရန်နှင့် ထိန်းသိမ်းစရိတ်များအတွက် တာဝန်များ၊ ဘတ်ဂျက်များကို တိကျစွာ သတ်မှတ်ပေးထားပြီး နည်းပညာဆိုင်ရာ ပံ့ပိုးမှုများ ပါဝင်သည့် ပိုမိုကောင်းမွန်သော စီမံကိန်းများကို ရင်နှီးမြှုပ်နှံရန်အတွက် လိုအပ်ချက်များ ရှိနေသည်ကို အသိအမှတ်ပြုနေပါပြီ။ (ထင်ဟပ်နေခြင်းဖြစ်ပါသည်)။

မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောက်ရှိ ရည်မှန်းထားသည်များကို အောင်မြင်ရန်အတွက် နိုင်ငံတစ်ဝှမ်းနှင့် ဒေသတစ်ဝှမ်းရှိ လိုအပ်ချက်များကို ထိရောက်သည့် ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး WASH ဝန်ဆောင်မှု ပံ့ပိုးခြင်းကို မြှင့်တင်ရန် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။ 

မြန်မာနိုင်ငံ၏ နေရာအနှံတွင် ကောင်းမွန်သန့်ရှင်းသော ရေရရှိမှုကို အကောင်အထည် ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများတွင် ရုပ်၀တ္ထုပိုင်းဆိုင်ရာနှင့် ရေငန်ခြင်း၊ အာဆင်းနစ်၊ တိမ်သော မြေအောက်ရေကြော ကဲ့သို့သော မြေမျက်နှာသွင်ပြင် ကန့်သတ်ချက်များ ပါဝင်ပါသည်။ အမျိုးသားတုံ့ပြန်မှု စနစ်များအဆင့်တွင် အခြေခံအဆောက်အဦများ၏ ထိရောက်သော လည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု အတွက် စီမံကိန်းရေးဆွဲမှု မရှိခြင်းနှင့် ရပ်ရွာအခြေပြု ထောက်ပံ့ရေးစနစ်များတွင် မျှတသော အခွန်အကောက်စံနစ် နမူနာပုံစံများမရှိခြင်းသည် ကျေးလက်လူထု ကိုယ်တိုင် စီမံခန့်ခွဲသည့် ရေနှင့် သန့်ရှင်းရေးဆိုင်ရာများ လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရန်အတွက် အခြားသော အဟန့်အတားများ ဖြစ်ပါသည်။ ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်မှုများကို ရရှိစေရန်အတွက် ကွဲပြားခြားနားသော အခြေအနေ များတွင် ထိရောက်သော ဖြေရှင်းနည်းများအတွက် သုတေသနနှင့် အသိအညာ ဗဟုသုတများကို ပိုမိုမျှဝေရန် လိုအပ်ပါသည်။

ဖြေရှင်းနည်း

မြန်မာနိုင်ငံသည် ယူနီဆက်၏ ပံ့ပိုးပေးမှုဖြင့် ၂၀၁၇ ခုနှစ်တွင် ကျေးလက်ရေ ရရှိရေး၊ မိလ္လာစနစ်နှင့် ပတ်၀န်းကျင်သန့်ရှင်းမှုအတွက် ပထမအကြိမ် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ရင်းနှီး မြှုပ်နှံမှု အစီအစဉ် (၂၀၁၆-၂၀၃၀)ကို အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် စတင်မိတ်ဆက်ခဲ့ပါသည်။ 

ယူနီဆက်သည် ဤကဏ္ဍအတွက် ဘတ်ဂျက်တိုးပွားရေးနှင့် အရင်းအမြစ် တိုးမြှင့်ရေးတွင် ပါဝင်ပံ့ပိုးပေးပါသည်။ စီမံကိန်းနှင့် အကောင်အထည်ဖော်မှုတို့တွင် ကျွန်ပ်တို့၏ ပါဝင်မှုသည် အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်မှာ ကျေးလက်ဒေသ အစီအစဉ်အသစ်၏ ဉီးစားပေးဖြစ်ပါသည်။ ၎င်းတို့တွင် ရပ်ရွာအခြေပြု အိမ်သွယ် ရေတိုင်သုံးစနစ် အပါအဝင် အကုန်အကျ သင့်တင့်ပြီး ထောင်နှင့်ချီသော အိမ်များသို့ ငွေကုန်ကြေးကျ သက်သာပြီး ရေရှည်တည်တံ့သည့် ရေပေးဝေရေးစနစ် ရရှိအောင် ဆောင်ရွက်သည့်လုပ်ငန်းများ ပါဝင်ပါသည်။

UNICEF
UNICEF Myanmar/2016/Kyaw Kyaw Winn

ယူနီဆက်သည် ထိရောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသားတုံ့ပြန်မှုကို တည်ဆောက်ရန်၊  အမျိုးသားရည်မှန်းချက်များကို အောင်မြင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောက်ရှိ ရည်မှန်းချက်များ ပြည့်မှီရန် နိုင်ငံတစ်ဝှမ်းနှင့် ဒေသတစ်ဝှမ်းရှိ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ပိုမိုအားကောင်းစေရန် အတွက် အစိုးရအား ထောက်ပံ့ပေးပါသည်။ အထူးသဖြင့် ရောက်ရှိရန် ခက်ခဲသော ဒေသများရှိ ထိခိုက်လွယ် ရပ်ရွာလူထုအားလုံး၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်များ ရရှိစေရန်အတွက် အထောက်အကူပြုမည့် နည်းပညာဆိုင်ရာ ဆန်းသစ် တီထွင်မှုများနှင့် သုတေသနများကိုလည်း ကျွန်ုပ်တို့ ပံ့ပိုးပေးပါသည်။

အရင်းအမြစ်များ