သစ်ပင်စိုက်ကြစို့

ကလေးများအတွက် ပုံပြင်စာအုပ်များ

UNICEF Myanmar
UNICEF Myanmar

အဓိကဖော်ပြချက်များ

ဒီစာအုပ်ကို မူလကရှေးဦးအရွယ်စာပေတတ်မြောက်ရေးအတွက်  မိခင်ဘာသာစကားဖြင့် ပုံပြင်ရှည်စာအုပ်များ ဖန်တီးပုံဖော်ရေး ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီပုံပြင်ရှည်စာအုပ်တွေကို တိုင်းရင်းသားဘာသာစကားတွေနဲ့ ရေးသားထားပြီး မြန်မာဘာသာကို ဘာသာပြန်ဆိုခဲ့ကြပါတယ်။ ဒီစာအုပ်တွေကို စာဖတ်တာကို မြတ်နိုးတတ်စေဖို့၊ ကလေးတွေရင်းနှီးတဲ့ ဘာသာစကား (မိခင်ဘာသာစကား ဒါမှမဟုတ် ကနဦးဘာသာစကား) နဲ့ ကျွမ်းကျင်သွက်လက်စွာ ပြောဆိုနိုင်ဖို့အပြင် နောက်ပိုင်းမှာ ရုံးသုံးဘာသာစကားဖြစ်တဲ့ “မြန်မာ”ဘာသာစကားကို သင်ယူလေ့လာနိုင်အောင် ပံ့ပိုးပေးရာမှာလည်း အသုံးပြုဖို့ဖြစ်ပါတယ်။ ဒီပုံပြင်စာအုပ်တွေကို ဘာသာစကားပေါင်း ၉၀ နဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီပုံပြင်စာအုပ်တွေကို မိဘတွေနဲ့ မိသားစုဝင်တွေက အိမ်မှာဖြစ်စေ၊ သူငယ်တန်းကျောင်း၊ မူကြို၊  မိခင်တွေဆွေးနွေးရာရပ်ဝန်း၊ ဆန်းဒေးစကူးလ်၊ ဆေးရုံတွေက ကလေးကုသဆောင် အစရှိတဲ့ ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးရေးဆိုင်ရာ အနေအထားတစ်ခုခုမှာဖြစ်စေ ပုံပြင်တွေဖတ်ပြနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေကြရတဲ့ လက်ရှိအခြေအနေမျိုးမှာ ပိုပြီးများပြားတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ စာအုပ်အတူတူဖတ်ရင်း၊ နေ့စဉ်လုပ်ဆောင်ဖွယ်ရာတွေကို အတူတူလုပ်ဆောင်ရင်း အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ပျိုးထောင်ရာမှာ အသုံးပြုနိုင်ဖို့အတွက် ဒီစာအုပ်ကို အွန်လိုင်းကနေ ရယူဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

သစ်ပင်စိုက်ကြစို့ဆိုတဲ့ ပုံပြင်လေးကို အနုတိုင်းရင်းဘာသာစကားနှင့် ယဉ်ကျေးမှုကော်မတီက ဖန်တီးပုံဖော်ထားပြီး သစ်တောပြုန်းတီးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို တားဆီးကာကွယ်ဖို့အတွက် သစ်ပင်စိုက်ပျိုးတဲ့အကြောင်း ရေးသားထားတဲ့ ပုံပြင်လေးဖြစ်ပါတယ်။ ဒီပုံပြင်ကတစ်ဆင့် ကလေးတွေက မိမိတို့ပတ်ဝန်းကျင်က သဘာဝတရား၊ သစ်ပင်တွေအကြောင်းနဲ့ သစ်ပင်ခုတ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုတွေကို သိရှိလာမှာ ဖြစ်သလို သစ်ပင်စိုက်ပျိုးတတ်ဖို့၊ သဘာဝတရားကို ချစ်မြတ်နိုးဖို့နဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့တွေကို သိရှိလာနိုင်မှာဖြစ်ပါတယ်။

မိသားစုတိုင်းမှာ ကိုယ့်ကလေးတွေကို ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ စူးစမ်းလိုစိတ်ရှိပြီး ယုံကြည်မှုရှိလာအောင် ထောက်ပံ့ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။ အရေးအကြီးဆုံးက သူတို့ရဲ့လိုအပ်ချက်တွေကို သူတို့အရင်းနှီးဆုံး ဘာသာစကားနဲ့ တွေးတတ် ဖော်ပြတတ်ဖို့ ဖြစ်ပါတယ်။ ဒီစာအုပ်က ကိုယ်နဲ့ ကိုယ့်ကလေးကို ကူညီပေးနိုင်ဖို့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Let’s Grow Tree
စာရေးသူများအမည်
UNICEF, MoSWRR, Anu Language and Cultural Committee, MBC
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English

ဒေါင်းလုဒ်လုပ်နိုင်သော ဖိုင်များ