မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ

အကြောင်းအရာ အချက်အလက် (၂၀၂၅ ခုနှစ် ဇွန်လိုင် - စက်တင်ဘာ)

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo

အဓိကဖော်ပြချက်များ

၂၀၂၅ ခုနှစ် ပထမ (၉) လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ (Explosive Ordnance - EO) ကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို စောင့်ကြည့်မှတ်တမ်းတင်ချက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ရပ်ပေါင်း (၃၀၄) ခု ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်ခံစားရသူ (၄၅၀) ဦး ရှိခဲ့ပါသည်။ ဤအရေအတွက်သည် ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ထိခိုက်ခံစားရသူ (၁,၀၈၂ ဦး) ၏ ၄၂ ရာခိုင်နှုန်းရှိနေပြီဖြစ်ရာ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများကြောင့် ဖြစ်ပေါ်နေသည့် အန္တရာယ်မှာ ဆက်လက်ကြီးမားနေဆဲဖြစ်ကြောင်း ဖော်ပြနေပါသည်။

ရှမ်းပြည်နယ်တွင် ဖြစ်ရပ်ပေါင်း (၁၂၅) ခု (တစ်နိုင်ငံလုံး၏ ၄၁ ရာခိုင်နှုန်း) နှင့် ထိခိုက်ခံစားရသူ (၁၆၉) ဦး (တစ်နိုင်ငံလုံး၏ ၃၈ ရာခိုင်နှုန်း) ရှိခဲ့သဖြင့် ဖြစ်ရပ်နှင့် ထိခိုက်ခံစားရသူ အများဆုံးဒေသ ဖြစ်ခဲ့ပါသည်။ ၎င်းနောက်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ရပ် (၆၁) ခု (၂၀ ရာခိုင်နှုန်း) နှင့် ထိခိုက်ခံစားရသူ (၉၅) ဦး (၂၁ ရာခိုင်နှုန်း) ရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးမှာ ဖြစ်ရပ် (၂၇) ခု (၉ ရာခိုင်နှုန်း) နှင့် ထိခိုက်ခံစားရသူ (၄၃) ဦး (၁၀ ရာခိုင်နှုန်း) ဖြင့် တတိယနေရာတွင် ရှိနေပါသည်။ ကျန်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး စုစုပေါင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ၏ ဖြစ်ရပ် ၃၀ ရာခိုင်နှုန်းနှင့် ထိခိုက်ခံစားရသူ ၃၁ ရာခိုင်နှုန်း ခန့်ရှိပါသည်။

ယခုအစီရင်ခံသည့်ကာလအတွင်း ကလေးသူငယ် ထိခိုက်ခံစားရသူ စုစုပေါင်း (၁၀၇) ဦး ရှိခဲ့ပြီး၊ ၎င်းမှာ တစ်နိုင်ငံလုံးရှိ ထိခိုက်ခံစားရသူအားလုံး၏ ၂၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ ဖော်ပြပါ ကိန်းဂဏန်းများအားလုံးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စောင့်ကြည့်လေ့လာရေး မိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော အချက်အလက်များပေါ်တွင် အခြေခံထားသည့် အရပ်သား ထိခိုက်ခံစားရသူများသာ ဖြစ်ပါသည်။

စာရေးသူများအမည်
UNICEF Myanmar
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English