မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ

အကြောင်းအရာ အချက်အလက် အချုပ် (၂၀၂၃ ခုနှစ် ဇန်နဝါရီ - စက်တင်ဘာ)

UNICEF Myanmar
UNICEF Myanmar/2019/Minzayar Oo

Highlights

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကိုလတ်တလောစောင့်ကြည့်လေ့လာချက်များအရ  ၂၀၂၃ ခုနှစ် ပထမ ကိုးလတာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်ခံစားရသူအရေအတွက် (၈၅၈ ဦး) ရှိခဲ့ပါသည်။ ဤကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့သော အရေအတွက်ထက် သိသိသာသာမြင့်တက်လာကာ  ထိခိုက်ခံစားရသူစုစုပေါင်း (၃၉၀ ဦး)၏  နှစ်ဆထက်  ကျော်လွန်သွားခဲ့ပြီးဖြစ်ပါသည် (၂၂၀ ရာခိုင်နှုန်း)။

ဒေသအလိုက်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်း၏ (၃၇) ရာခိုင်နှုန်းရှိခဲ့ပြီး ရှမ်းတွင် (၁၂) ရာခိုင်နှုန်းနှင့် ပဲခူးတွင် (၁၀) ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။ ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနှင့် ရန်ကုန် အပါအဝင် ကျန်ဒေသများတွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏  (၄၁) ရာခိုင်နှုန်းရှိပါသည်။

နိုင်ငံတစ်ဝှမ်း မြေမြုပ်မိုင်းနှင့်  စစ်ကျန်လက်နက်ပစ္စည်းများ၏ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်း၏ (၂၂) ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြပါသည်။ ဤကိန်းဂဏာန်းများသည်  အရပ်သားထိခိုက်ခံစားရမှုများကိုသာ ထင်ဟပ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

စာရေးသူများအမည်
UNICEF Myanmar
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English