ဂါဂူး ပျော်သွားပြီ
ကလေးများအတွက် ပုံပြင်စာအုပ်များ
- English
- မြန်မာ
အဓိကဖော်ပြချက်များ
ဒီစာအုပ်ဟာ မူလက မိဘတွေနဲ့ အဘိုးအဘွားတွေတင်မကဘဲ စောင့်ရှောက်သူတွေအားလုံးကတစ်ဆင့် ကနဦး လှုံ့ဆော်မှု၊ မဆိုင်းမတွ တုံ့ပြန်ပြီးစောင့်ရှောက်ပေးမှု (ကလေးက အရိပ်အမြွက်ပြတဲ့အခါ ပြန်ပြီးတုံ့ပြန်ပုံ) တွေအပြင် ငယ်ရွယ်စဉ်စာပေတတ်မြောက်မှုတွေကို အားပေးမြှင့်တင်ဖို့ ၂၀၀၆ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ 'စာဖတ်ရအောင်' အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးက ကလေးသူငယ်အားလုံး ပါဝင်စေဖို့နဲ့ ယောက်ျားလေးနဲ့ မိန်းကလေးကို တန်းတူအလေးပေးဖို့ကိုလည်း အားပေးတိုက်တွန်းထားပါတယ်။
ဒီ စာဖတ်ရအောင် စီးရီးကို မြန်မာနိုင်ငံတစ်ဝန်းက မူလတန်းကျောင်းအားလုံးရှိ အစောပိုင်းကာလ ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ အနေအထားအမျိုးမျိုးနဲ့ သူငယ်တန်းအားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေကြရတဲ့ လက်ရှိအခြေအနေမျိုးမှာ ပိုပြီးများပြားတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ စာအုပ်အတူတူဖတ်ရင်း၊ နေ့စဉ်လုပ်ဆောင်ဖွယ်ရာတွေကို အတူတူလုပ်ဆောင်ရင်း အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ပျိုးထောင်ရာမှာ အသုံးပြုနိုင်ဖို့အတွက် ဒီစာအုပ်ကို အွန်လိုင်းကနေ ရယူဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
ဂါဂူးဟာ စကားပြောဖို့ အခက်အခဲရှိနေတဲ့ ကလေးငယ်လေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ သူပြောနိုင်တဲ့ တစ်ခုတည်းသောစကားက "ဂါဂူး" ပါ ။
ဘဝမှာ အခက်အခဲတွေ ကြုံတွေ့နေရပေမယ့် အရှုံးမပေးဘူးဆိုတဲ့- ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အံ့ဖွယ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ သူက သူ့ပြဿနာတွေကို ကောင်းသောနည်းလမ်းနဲ့ ရင်ဆိုင်ပြခဲ့ပါတယ်။ မိသားစုတွေနဲ့ စောင့်ရှောက်သူတွေက ကလေးတွေကို ချစ်ပေး၊ လုံခြုံမှုရှိတယ်လို့ ခံစားရအောင် လုပ်ပေးပြီး စိတ်ခံစားချက်အမျိုးမျိုးကို ခံစားတတ်အောင် ဖန်တီးပေးတဲ့အခါ ကလေးတွေက ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ကို သင်ယူတတ်လာပါတယ်။ သူတို့ဘဝမှာ ရင်ဆိုင်ရတဲ့ ပြဿနာကြီးကြီးငယ်ငယ်ကို ဖြေရှင်းနိုင်ဖို့ လမ်းညွှန်ပေး၊ ပံ့ပိုးပေးတာကလည်း သိပ်ကိုအရေးကြီးပါတယ်။
မိသားစုဝင်တိုင်းမှာ ကိုယ့်ကလေးကို ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ စူးစမ်းလိုစိတ်ရှိပြီး ယုံကြည်မှုရှိလာအောင် ထောက်ပံ့ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။ ဒီစာအုပ်က ကိုယ်နဲ့ ကိုယ့်ကလေးကို ကူညီပေးနိုင်ဖို့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် - ပိုပြီး ကောင်းမွန်တဲ့ အရာများစွာကို မိဘတွေက လုပ်ဆောင်ထားပြီးဖြစ်တာကို မိမိတို့သိပါတယ်။