ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးရေး ECD Hub

အနာဂတ်ကိုပျိုးထောင်ခြင်း

UNICEF Myanmar
UNICEF Myanmar/2019/Nyan Zay Htet

ယူနီဆက်၏ ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးရေး ECD Hub ကနေ ကြိုဆိုပါတယ်။ ဒီစာမျက်နှာကို မိဘများ၊ စောင့်ရှောက်သူများနှင့် ကျွမ်းကျင်ပညာရှင်များမှ ကလေးငယ်လေးများ ကြီးထွားဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျယ်ပြန့်ပြည့်စုံသော ရင်းမြစ်တစ်ခုဖြစ်စေရန် စီစဉ်ထားပါတယ်။

ကလေးငယ်တစ်ဦးရဲ့ ဘဝအစပိုင်းနှစ်များက အလွန်အရေးကြီးပါတယ်။ အဲ့ဒီကာလများက ဘဝတစ်သက်တာ သင်ယူလေ့လာရေး၊ ဖွံ့ဖြိုးရေးနှင့် အောင်မြင်မှုအတွက် အခြေခံ အုတ်မြစ်ချပေးတဲ့ ကာလပဲဖြစ်ပါတယ်။ ထိုကာလအတွင်းမှာ ကလေးတွေရရှိတဲ့ အတွေ့အကြုံတွေနဲ့ အခွင့်အလမ်းတွေက သူတို့ရဲ့ ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့ကြောင့် အနာဂတ်မျိုးဆက်တွေကို ပျိုးထောင်ဖို့နဲ့ မိဘနဲ့ အုပ်ထိန်းသူ တစ်ဦးချင်းစီတိုင်းကို ပံ့ပိုးပေးနိုင်ဖို့အတွက် UNICEF ECD Hub ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

ကလေးများအတွက် ပုံပြင်စာအုပ်များ

ကလေးတွေကို သူတို့ အရင်းနှီးဆုံးဖြစ်တဲ့ ဘာသာစကားတွေနဲ့ ပုံပြင်စာအုပ်တွေ ဖတ်ရှုတဲ့အခါ သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုရှိလာပြီး မိခင်ဘာသာစကားကို ကျွမ်းကျင်လာစေရန်နဲ့ အခြားဘာသာစကားတွေကို သင်ယူနိုင်ဖို့ အဆင်သင့်ဖြစ်စေရန် ကူညီပေးပါတယ်။ ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဘာသာစကား လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် ကူညီပေးပါတယ်။

အားလုံးတူပျော်ကစားမယ်

ကလေးများအတွက် ပုံပြင်စာအုပ်များ

Report အပြည့်အစုံကိုကြည့်ပါ

သစ်ပင်စိုက်ကြစို့

ကလေးများအတွက် ပုံပြင်စာအုပ်များ

Report အပြည့်အစုံကိုကြည့်ပါ

မိခင်မေတ္တာ

ကလေးများအတွက် ပုံပြင်စာအုပ်များ

Report အပြည့်အစုံကိုကြည့်ပါ

အတတ်သင်တာမေမေပါ

ကလေးများအတွက် ပုံပြင်စာအုပ်များ

Report အပြည့်အစုံကိုကြည့်ပါ

ကာတွန်းဗီဒီယို စီးရီးများ

ယူနီဆက်၏ YouTube ချန်နယ်တွင် ကလေးများအတွက် ကာတွန်းဗီဒီယိုများစွာကို ကြည့်ရှုနိုင်ပြီး အောက်ပါဗီဒီယိုများကတော့ ကလေးငယ်များအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Embedded video follows

တီးတီးလေးရဲ့ တစ်နေ့တာ

အကျပ်အတည်းကာလအတွင်းမှာ ကလေးငယ်တွေ အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးတွေဟာ အထိခိုက်လွယ်ဆုံးပါ။ ဘာ့ကြောင့်လဲဆို သူတို့ရဲ့ အသံတွေကို နားထောင်ပေးဖို့ မေ့လျော့နေတတ်ကြလို့ပါ။ ကလေးငယ်တွေရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ ပြောင်းလဲသွားကြတဲ့အခါ ပုံမှန်အခြေအနေသစ်အတွင်းမှာ မိဘတွေအနေနဲ့ ကလေးငယ်တွေအတွက် အပြုသဘောဆောင်တဲ့ ပြုစုပျိုးထောင်ရေးအတွေ့အကြုံတွေ ဖန်တီးနိုင်ဖို့ အကူအညီတွေ လိုအပ်လာပါတယ်။

“တီးတီးလေးရဲ့ တစ်နေ့တာ” ဆိုတဲ့ အပိုင်း ၁၄ ပိုင်းပါ ကာတွန်းဗီဒီယိုစီးရီးလေးက မိဘတွေနဲ့ စောင့်ရှောက်သူတွေကို အိမ်မှာ နေ့စဉ်လုပ်ဆောင်စရာတွေ လုပ်ဆောင်နေရင်း ကလေးငယ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုပံ့ပိုးပေးရမယ်ဆိုတာ နားလည်လာစေဖို့ အထောက်အကူပြုစေမှာပါ။

Embedded video follows

ကလေးများအတွက် ပုံပြင်စာအုပ်များ

ဗီဒီယိုအညွှန်းစာတန်း-

ဒီဗီဒီယိုစီးရီးလေးဟာ ပုံပြင်စာအုပ် ၄၄ အုပ်ပါဝင်ပြီး အမြင်အာရုံမသန်စွမ်းသူကလေးများနဲ့ အကြားအာရုံ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်များအတွက် စီစဉ်ဖန်တီးထားပါသည်။

ပုံပြင်စာအုပ်တစ်အုပ်ချင်းစီမှာ စာဖတ်ပြတာအပြင် ရေးဆွဲထားတဲ့ပုံကိုပါ အသေးစိပ်ပုံဖော်ပေးထားပါတယ်။

ဝန်ဆောင်မှုပေးသူများအတွက် လေ့ကျင့်ရေး သင်ထောက်ကူပစ္စည်းများ

ဒီလေ့ကျင့်ရေး သင်ထောက်ကူပစ္စည်းများကို အစောပိုင်းကာလ ကလေးဘဝ ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သူများအတွက် ၎င်းတို့လိုအပ်သော ဗဟုသုတနှင့် ကျွမ်းကျင်မှုများဖြင့် ပြည့်စုံစေရန် စီစဉ်ပုံဖော်ထားပါတယ်။

နည်းပြလက်စွဲ

တစ်လသင်တန်းလက်စွဲစာအုပ်

Report အပြည့်အစုံကိုကြည့်ပါ

အသက် ၆ လ မှ ၃ နှစ် ကလေးများအတွက် ECD ညွှန်းကိန်းများ

ECD ညွှန်းကိန်းများ

Report အပြည့်အစုံကိုကြည့်ပါ

အသက် ၃ နှစ် မှ ၅ နှစ် ကလေးများအတွက် ECD ညွှန်းကိန်းများ

ECD ညွှန်းကိန်းများ

Report အပြည့်အစုံကိုကြည့်ပါ

ကျောင်းခန်းပြင်ပ ကစားကွင်း လက်စွဲစာအုပ်

လမ်းညွှန်ချက်

Report အပြည့်အစုံကိုကြည့်ပါ

အခြားသော ECD ရင်းမြစ်များအတွက် ဝင်ရောက်ကြည့်ရှုရန်