ရှမ်းပြည်နယ်
ကလေးများအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို စည်းရုံးခြင်း
- English
- မြန်မာ
ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ
ရှမ်းပြည်နယ်သည် တိုင်းပြည်၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ကလေးဦးရေ အများဆုံးရှိပါသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅.၈ သန်း၏ သုံးပုံတစ်ပုံခန့်သည် အသက် ၁၄ နှစ် သို့ အသက် ၁၄ နှစ် အောက်များ ဖြစ်ကြပါသည်။
ရှမ်းပြည်နယ်၏ ဝေးလံခေါင်သီသောနေရာများရှိခြင်း၊ လက်လှမ်းမှီရန်ခက်ခဲသောဒေသများရှိနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသော ပြင်းထန်သောပဋိပက္ခများသည် အကူအညီအထောက်အပံ့ ပံ့ပိုးမှုလုပ်ငန်း၀န်ဆောင်မှုပေးခြင်း၏ စိန်ခေါ်မှုများကို ထပ်တိုးစေပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ တိုးပွားလာသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိမှုသည် အလွန်ခက်ခဲလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည့် အိုးအိမ်စွန့်ခွါထွက်ပြေးသူအရေအတွက် အသစ် သည် ၂၀၂၁ တစ်လျှောက်လုံး ပိုမိုတိုးလာပါသည်။
၂၀၂၀ တွင် COVID-19 ပျံ့နှံ့လာသည်နှင့်အမျှ ရှမ်းပြည်နယ်ရှိ ယူနီဆက်အဖွဲ့သည် ရွှေ့ပြောင်းလူမှုထောက်ပံ့ရေး အစပျိုးလုပ်ဆောင်မှုများအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၁ သန်းကျော်ကို ညှိနှိုင်းဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ဤအဖွဲ့သည် အေဂျင်စီ ၄၀ ကျော်ကို စုစည်း၍ ပြည်နယ်အဆင့် တုံ့ပြန်မှုအစီအစဉ်တစ်ခုကို ကူညီပြင်ဆင်ပေးခဲ့ပါသည်။
၂၀၂၀ တွင် အဓိကရလဒ်များ
- လူသားချင်းစာနာထောက်ထားမှုအကူအညီများ- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့များသည် ကလေးငယ် ၄,၈၀၀ ဦး အပါအ၀င် IDP ဦးရေ ၁၂,၀၀၀ ကျော်အား လူသားချင်းစာနာထောက်ထားသော အထောက်အပံ့များကို ဆက်လက်ပေးခဲ့ပြီး ရောက်ရှိရန် ခက်ခဲသောနေရာများ အပါအ၀င် IDP စခန်းပတ်ဝန်းကျင်အသိုက်အဝန်းများသို့ မရှိမဖြစ်လိုအပ်သော WASH အကူအညီအထောက်အပံ့ ၀န်ဆောင်မှုများကို ပို့ဆောင်ပေးခဲ့ပါသည်။
- WASH- ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဝေးလံခေါင်ဖျားဒေသများ နှင့် အစိုးရထိန်းချုပ်မှုမရှိသော ဒေသများအပါအ၀င် မြို့နယ်ရှစ်ခုမှ ထိခိုက်လွယ်သော လူမှုအသိုက်အဝန်း အဖွဲ့ဝင် ၅၃,၇၁၅ ဦးသည် အရေးပေါ် WASH အထောက်အပံ့ကို ရရှိခဲ့ပါသည်။
- COVID-19- သတင်းအချက်အလက်၊ ပညာရေးနှင့် ဆက်သွယ်ရေးပစ္စည်းများကို ရှမ်းပြည်နယ် တောင်ပိုင်းဒေသရှိ အနည်းဆုံးဒေသခံတိုင်းရင်းသားဘာသာစကား ၁၀ မျိုးသို့ ဘာသာပြန်ဆိုခဲ့ပါသည်။ ပစ္စည်းများကို တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူထုအခြေပြု အဖွဲ့အစည်းများသို့ soft copy၊ hard copy များဖြင့် ဖြန့်ဝေခဲ့ပါသည်။
- လူမှုကာကွယ်စောင့်ရှောက်ရေး- မိခင်နှင့်ကလေး ထောက်ပံ့ကြေးပံ့ပိုးခြင်းအစီအစဉ်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မိခင် ၃,၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပါသည်။