ရခိုင်ပြည်နယ်
ကလေးများအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို စည်းရုံးခြင်း
- English
- မြန်မာ
ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပြည်နယ်ဖြစ်ပြီး လူဦးရေသုံးသန်း ရှိပါသည်။
၂၀၂၀ခုနှစ်တွင် ရခိုင်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ပိုမိုပြင်းထန်လာသောပဋိပက္ခတိုက်ပွဲများ ကြောင့် ရခိုင်တိုင်းရင်းသား အများစုဖြစ်သော ၁၀၀,၀၀၀ ဦးရေသည် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။
၂၀၂၁ ခုနှစ်တွင် ပဋိပက္ခများ ရပ်တန့်သွားခဲ့သော်လည်း ရိုဟင်ဂျာလူမျိုး အများစုဖြစ်သည့် ၁၃၀,၀၀၀ ဦးရေသည် ၂၀၁၂ ခုနှစ်ကတည်းက ရှိနေသောပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) စခန်းများတွင် ရှိနေဆဲဖြစ်ပါသည်။ အခြားလူဦးရေ ၆၀၀,၀၀၀ သည် ၎င်းတို့၏ ကျေးရွာများ၌ ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့သည် စစ်မှန်သော လွတ်လပ်စွာ သွားလာလှုခွင့်များ (သို့) အခြေခံ အကူအညီအထောက်အပံ့ ပံ့ပိုးမှုများကို မရရှိပါ။
မြို့နယ် ၇ ခုတွင် ခန့်မှန်းခြေအားဖြင့် လူ ၁၀၀,၀၀၀ ခန့်သည် အကူအညီအထောက်အပံ့ ပံ့ပိုး၀န်ဆောင်မှုပေးမှခြင်းမရရှိခြင်းအကျိုးသက်ရောက်မှုခံခဲ့ရပါသည်။
၂၀၂၀ တွင် အဓိကရလဒ်များ
- ကျန်းမာရေးနှင့် အာဟာရ- ကျန်းမာရေးနှင့် အာဟာရ အကူအညီအထောက်အပံ့ ပံ့ပိုး မှုပေါင်းစည်းထားသော ၀န်ဆောင်မှုများကို IDP စခန်း ၂၀၊ IDP တည်နေရာ ၃၉ ခု၊ ကျေးရွာဒေသ ၅၂ ရွာနှင့် ရခိုင်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ ဦးစားပေး မြို့နယ်ကိုးခုရှိ ကျေးရွာ ၁၆၁ ခုရှိ ပုံသေနှင့် ရွေ့လျားဆေးခန်းများသို့ ပို့ဆောင်ပေးခဲ့ပါသည်။
- အာဟာရ- ကူးစက်ရောဂါ ပျံ့နှံ့မှုဖြစ်ပွားနေသော်လည်း ရခိုင်ပြည်နယ်ရှိ အာဟာရ အကူအညီအထောက်အပံ့ ပံ့ပိုးခြင်းများပေါင်းစည်းထားသော ပံ့ပိုးခြင်းများသည် IDP စခန်းအသစ် ၃၉ ခု အပါအ၀င် ပဋိပက္ခဒဏ်ခံ မြို့နယ်ကိုးခုတွင်းရှိ နေရာ ၁၅၉ နေရာမှ ၁၈၅ နေရာ သို့တိုးလာပါသည်။
- သင်ယူခြင်း- ကျောင်းပြင်ပရောက်နေသည့် ကလေး ၂,၀၃၇ ဦး သည် လူမှုပေါင်းစည်းညီညွတ်ရေး အားကောင်းလာစေရန် ရည်ရွယ်သည့် အတူတကွသင်ယူခြင်း Learning Together အစီအစဉ်ကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ဤအစီအစဉ်သည် မြို့နယ် ၁၁ ခုရှိ ကျောင်း ၁၆၃ ကျောင်း တွင် ကျောင်းသား ၄၀,၅၀၀ ကို ရည်ရွယ်ထားပါသည်။
- WASH- ယူနီဆက်သည် ကျောင်းပြန်ဖွင့်ရန် ပြင်ဆင်နေသော ကျောင်းပေါင်း ၁၆၃ ကျောင်းသို့ တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးများ ရာသီလာခြင်းအတွက် တစ်ကိုယ်ရည် စီမံခန့်ခွဲမှု ကိရိယာများနှင့် ရေသန့်စင်ပစ္စည်းများအပါအ၀င် အပန်းဖြေကလေးကစားစရာပစ္စည်းထုတ်များ ၄၇၂ ခု နှင့် WASH အထောက်အပံ့ပစ္စည်းများကို ဖြန့်ဝေခဲ့ပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် ပူးပေါင်း၍ ယူနီဆက်သည် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ လူဦးရေ ၂၁၀,၀၀၀ ကျော်အား ဆပ်ပြာများ ဖြန့်ဝေခဲ့ပါသည်။
- လူမှုအကာအကွယ် - မိခင်နှင့်ကလေး ငွေကြေးထောက်ပံ့မှုများသည် ယူနီဆက် အထောက်အပံ့ဖြင့် အကျိုးခံစားခွင့်ရသူ ၁၆၇,၀၀၀ ကျော်သို့ ရောက်ရှိခဲ့သည်။
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး- ကပ်ရောဂါကြောင့် စိတ်ကျန်းမာရေး၊ အကြမ်းဖက်မှုနှင့် အနိုင်ကျင့်မှု ပြဿနာများကို ဖြေရှင်းရန် ရပ်ရွာလူထုအခြေပြုနှင့် ဆယ်ကျော်သက်များ ဦးဆောင်သောလှုပ်ရှားမှုများကို အဆင့်မြှင့်တင်ခဲ့ပါသည်။