ကချင်ပြည်နယ်
ကလေးများအတွက်ပြည်နယ်နှင့်တိုင်းဒေသကြီးများကိုစည်းရုံးခြင်း
- English
- မြန်မာ
ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ
နိုင်ငံ၏ မြောက်ဘက် တောင်ထူထပ်သော ကချင်ပြည်နယ်တွင် လူဦးရေ ၁.၆၄ သန်းရှိပါသည်။
၂၀၁၁ ခုနှစ်မှ စ၍ ကချင်လွတ်လပ်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ပြန်လည်ဖြစ်ပွားသော ပဋိပက္ခသည်အကူအညီအထောက်အပံ့ ပံ့ပိုးပေးသည့်၀န်ဆောင်မှုပေးခြင်း၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပဋိပက္ခသစ်နှင့် အိုးအိမ်စွန့်ခွာထွက်ပြေးခြင်းများလဲ သိသိသာသာပြန်လည်ဖြစ်ပေါ်ခဲ့ပါသည်။
- ၂၀၂၀ တွင် ကချင်ပြည်နယ်မှ လူဦးရေ ၁၆၇,၀၀၀ ခန့်သည် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ဆက်လက်လိုအပ်နေပါသည်။
- လူဦးရေ ၉၅,၄၀၀ ခန့်သည် ပြည်တွင်းစစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေကြပါသည်။
- ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် ကလေးများဖြစ်ပါသည်။
ခန့်မှန်းခြေအားဖြင့် အိုးအိမ်စွန့်ခွာသူ ၄၀ ရာခိုင်နှုန်းသည် ရောက်ရှိရန် ခက်ခဲပြီး COVID-19 ကြောင့် သွားလာခွင့်ကို ပိုမိုပြင်းထန်စွာပင် ကန့်သတ်ထားသော ပြည်နယ်အရှေ့ပိုင်းရှိ ဝေးလံခေါင်သီသောနေရာများတွင် ရှိပါသည်။
၂၀၂၀ တွင် အဓိကရလဒ်များ
- လူသားချင်းစာနာထောက်ထားမှုအကူအညီများ- WASH၊ အာဟာရ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကျန်းမာရေး ဆိုင်ရာအကူအညီအထောက်အပံ့ အသီးသီးတို့အား လက်လှန်းမှီရန် ခက်ခဲသောဒေသများရှိ ကလေးဦးရေ ၁၉,၅၀၀ ကျော်ထံသို့ ရောက်ရှိခဲ့ပါသည်။
- သင်ယူခြင်း- ကျွန်ုပ်တို့၏ ကျောင်းပြင်ပပညာရေးအစီအစဉ်အပါအ၀င် သင်ယူမှု အခွင့်အလမ်းများရရှိရန် ကျောင်းနေအရွယ် ကလေး ၁၀,၆၂၀ ဦး ကိုထောက်ပံ့ခဲ့ပါသည်။
- မိုင်းအန္တရာယ်အသိပညာပေး- လူထုအား တိုက်ခိုက်ရေးသမားများ၏ပဋိပက္ခအလွန် လက်ကျန် ပေါက်ကွဲစေတတ်သောလက်နက်များအား မည်သို့ကိုင်တွယ်ဆောင်ရွက်ရန်နည်းကို ကူညီသည့် အစီအစဉ်သည် ရည်ရွယ်သည့်လူဦးရေ ၃၀,၀၀၀ ၏ ၂၀ ရာခိုင်နှုန်းကို သင်ကြားပြီး ဖြစ်ပါသည်။
- WASH- အသွားအလာ ကန့်သတ်ချက်များကို လိုက်နာရန် ယူနီဆက်သည် ပြည်နယ်ပညာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်း၍ အရေးပေါ် ကျောင်းတွင်း WASH သင်တန်းကို အွန်လိုင်း သင်တန်းအဖြစ် ပြုစုခဲ့ပါသည်။