အရှေ့တောင်ပိုင်း
ကလေးများအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို စည်းရုံးခြင်း
- English
- မြန်မာ
ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ
အရှေ့တောင်ဘက်တွင် ကွဲပြားခြားနားသော လူမျိုးစုများ နှင့် ယဉ်ကျေးမှုများရှိသော လူဦးရေ ၁၁.၅ သန်းခန့်ရှိပါသည်။ အရှေ့တောင်ဘက်ဒေသကို ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း အရှေ့ပိုင်းဒေသများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားပါသည်။
အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခ၏ဒဏ်များကို ဆယ်စုနှစ်ရှည်များစွာ ခံခဲ့ပါသည်။ ၂၀၂၁ တွင် ထပ်မံဖြစ်ပွားလာသည့်ပဋိပက္ခအသစ်များသည် လူ ၁၀၀,၀၀၀ ကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ပြီး အရေးပေါ်နှင့် အရေးပါသောအသက်ကယ်ရေးထောက်ပံ့ခြင်း၀န်ဆောင်မှုများလိုအပ်မှုကို မြင့်တက်စေခဲ့ပါသည်။
ထိုဒေသ၏ နေရာအတော်များများတွင် စစ်တပ်များက စစ်အင်အားတိုးချဲ့နေရာချနေပြီး မြေမြှုပ်မိုင်းများချထားခြင်းသည် လူထုအများအပြားအတွက် အန္တရာယ်များစဉ်ဆက်မပြတ်ဖြစ်စေပါသည်။
ယူနီဆက်အဖွဲ့သည် ကရင်ပြည်နယ်၏မြို့တော် ဘားအံတွင် အခြေစိုက်ပြီး ရှုပ်ထွေးသော စိန်ခေါ်မှုများရှိသည့် ကျယ်ပြန့်သောနယ်မြေတစ်လျှောက်တွင် အလုပ်လုပ်ပါသည်။ ရှုပ်ထွေးသောစိန်ခေါ်မှုများတွင် အခြေခံအဆောက်အအုံများနဲပါးခြင်း၊ ခက်ခဲသော မြေပြင်အနေအထားနှင့် ရှုပ်ထွေးသော အုပ်ချုပ်ရေးဖွဲ့စည်းပုံတို့ ပါဝင်ပါသည်။
၂၀၂၀ တွင်အဓိကရလဒ်များ
- COVID-19- အန္တရာယ် ဆိုင်ရာ အသိပေး ဆက်သွယ်ရေးနှင့် လူထုဆက်သွယ်မှုပစ္စည်းများကို လူသုံးသန်းကျော်ထ့သို့ ဖြန့်ဝေခဲ့ပါသည်။ ကာကွယ်ဆေးများ၏ အရည်အသွေးကို ထိန်းသိမ်းပေးသော ထောက်ပံ့ပို့ဆောင်ရေးနှင့် အထောက်အကူပြု အအေးခန်းများကို အစိုးရထိန်းချုပ်မှုမရှိသည့် ကရင်ပြည်နယ် ဒေသများအပါအ၀င် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ခဲ့ပါသည်။
- သင်ယူခြင်း- ဘားအံမြို့နယ်ရှိ ကျောင်း ၄၆၅ ကျောင်းသို့ အိမ်အခြေပြုသင်ကြားသင်ယူရေးသင်ထောက်ကူပစ္စည်းများကို ပို့ဆောင်ခဲ့ပြီး ကျောင်းသား ၄၈,၀၃၆ ဦး အား ဆက်လက်ပညာသင်ယူနိုင်စေခဲ့ပါသည်။ IDP စခန်းများတွင် မူလတန်းကျောင်းသား ၅၇,၇၀၉ ဦးသည် မရှိမဖြစ်လိုအပ်သော သင်ထောက်ကူပစ္စည်းအိတ်များကို ရရှိခဲ့ပါသည်။
- WASH- ကရင်ပြည်နယ်တွင် IDP ၅၀၀၀ ကျော်သည် အိမ်တွင်းအတွက် ဘေးကင်းသောသောက်သုံးရေကို ရရှိခဲ့ပါသည်။
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး- ကလေး ၁၃ ဦး အပါအ၀င် လူကုန်ကူးခံရသူ ၁၇၆ ဦး ကို နေရပ်ပြန်ပို့ခြင်းနှင့် ၎င်းတို့မိသားစုများနှင့် ပြန်လည်ပေါင်းစည်းခြင်းတို့ ပါဝင်သည့် အကူအညီများပေးအပ်ခဲ့ပါသည်။