ရွှေမိရဲ့တစ်နေ့တာ
ကလေးများအတွက် ပုံပြင်စာအုပ်များ
- English
- မြန်မာ
အဓိကဖော်ပြချက်များ
ဒီစာအုပ်ဟာ မူလက မိဘတွေနဲ့ အဘိုးအဘွားတွေတင်မကဘဲ စောင့်ရှောက်သူတွေအားလုံးကတစ်ဆင့် ကနဦး လှုံ့ဆော်မှု၊ မဆိုင်းမတွ တုံ့ပြန်ပြီးစောင့်ရှောက်ပေးမှု (ကလေးက အရိပ်အမြွက်ပြတဲ့အခါ ပြန်ပြီးတုံ့ပြန်ပုံ) တွေအပြင် ငယ်ရွယ်စဉ်စာပေတတ်မြောက်မှုတွေကို အားပေးမြှင့်တင်ဖို့ ၂၀၀၆ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ 'စာဖတ်ရအောင်' အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးက ကလေးသူငယ်အားလုံး ပါဝင်စေဖို့နဲ့ ယောက်ျားလေးနဲ့ မိန်းကလေးကို တန်းတူအလေးပေးဖို့ကိုလည်း အားပေးတိုက်တွန်းထားပါတယ်။
ဒီ စာဖတ်ရအောင် စီးရီးကို မြန်မာနိုင်ငံတစ်ဝန်းက မူလတန်းကျောင်းအားလုံးရှိ အစောပိုင်းကာလ ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ အနေအထားအမျိုးမျိုးနဲ့ သူငယ်တန်းအားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေကြရတဲ့ လက်ရှိအခြေအနေမျိုးမှာ ပိုပြီးများပြားတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ စာအုပ်အတူတူဖတ်ရင်း၊ နေ့စဉ်လုပ်ဆောင်ဖွယ်ရာတွေကို အတူတူလုပ်ဆောင်ရင်း အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ပျိုးထောင်ရာမှာ အသုံးပြုနိုင်ဖို့အတွက် ဒီစာအုပ်ကို အွန်လိုင်းကနေ ရယူဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
ရွှေမိရဲ့တစ်နေ့တာ ပုံပြင်လေးက သမီးငယ်လေးတစ်ယောက်ရဲ့ တစ်နေ့တာအကြောင်း ဖြစ်ပါတယ်။ ဒီပုံပြင်လေးမှာ မနက်မိုးလင်းကနေ ညအိပ်ရာဝင်ချိန်အထိ ပုံမှန်နေ့စဉ်ဘဝအတွင်းမှာ မိသားစုဝင်တွေက သူ့ကို ကျန်းမာအောင်၊ ဘေးကင်းအောင်၊ စူးစမ်းလိုစိတ်ရှိပြီး ယုံကြည်မှုရှိလာအောင် အားပေးနိုင်ပုံတွေအကြောင်း ပြောပြထားပါတယ်။
ကစားတယ်ဆိုတာ ကလေးငယ်တွေအတွက် အရေးကြီးတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်၊ ဒါက သူတို့အကြောင်း၊ သူတို့ကမ္ဘာကြီးအကြောင်းအပြင် ပြဿနာတွေကို ဖြေရှင်းပုံ၊ ခန္ဓာကိုယ်ကို အသုံးချပုံနဲ့ ဘယ်လိုဖန်တီးနိုင်စွမ်းရှိရမလဲဆိုတာတွေကိုပါ လေ့လာသင်ယူနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာ ကစားဖို့အတွက် ဈေးကြီးတဲ့ ကစားစရာတွေ မလိုအပ်ပါဘူး။ ရွှေမိအကြိုက်ဆုံးကစားစရာဆိုရင် သူ့အဖေက ဆင်ပုံစံလုပ်ပြတာပါပဲ။ ဒါဟာ ကိုယ့်ကလေးရဲ့ အကြိုက်ဆုံးကစားစရာလည်း ဖြစ်နိုင်ပါတယ်။
မိသားစုဝင်တိုင်းမှာ ကိုယ့်ကလေးကို ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ စူးစမ်းလိုစိတ်ရှိပြီး ယုံကြည်မှုရှိလာအောင် ထောက်ပံ့ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။ ဒီစာအုပ်က ကိုယ်နဲ့ ကိုယ့်ကလေးကို ကူညီပေးနိုင်ဖို့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် - ပိုပြီး ကောင်းမွန်တဲ့ အရာများစွာကို မိဘတွေက လုပ်ဆောင်ထားပြီးဖြစ်တာကို မိမိတို့သိပါတယ်။