မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ
အကြောင်းအရာ အချက်အလက် အချုပ် (၂၀၂၃ ခုနှစ် ဇန်နဝါရီ - ဇူလိုင်)
- English
- မြန်မာ
အဓိကဖော်ပြချက်များ
မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကိုလတ်တလောစောင့်ကြည့်လေ့လာချက်များအရ ၂၀၂၃ ခုနှစ် ပထမ ခုနစ်လတာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်ခံစားရသူအရေအတွက် (၆၅၀ ဦး) ရှိခဲ့ပါသည်။ ဤကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့သော အရေအတွက်ထက် သိသိသာသာတိုးမြင့်လာပြီး ထိခိုက်ခံစားရသူစုစုပေါင်း၏ (၁၆၇) ရာခိုင်နှုန်း ရှိနေခဲ့ပြီးဖြစ်ပါသည် (၃၉၀ ဦး အစီအရင်ခံခဲ့)။
ဒေသအလိုက်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်း၏ (၃၉) ရာခိုင်နှုန်းရှိခဲ့ပြီး ပဲခူးတွင် (၁၃) ရာခိုင်နှုန်းနှင့် ရှမ်းတွင် (၈) ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။ ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ တနင်္သာရီနှင့် ရန်ကုန် အပါအဝင် ကျန်ဒေသများတွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ (၄၀) ရာခိုင်နှုန်းရှိပါသည်။
နိုင်ငံတစ်ဝှမ်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်း၏ (၂၂) ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြပါသည်။ ဤကိန်းဂဏာန်းများသည် အရပ်သားထိခိုက်ခံစားရမှုများကိုသာ ထင်ဟပ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။