U-Reporter အဖြစ် ပါဝင်ရန်

သတင်းစကားပေးပို့ခြင်း

UNICEF Myanmar
UNICEF Myanmar/2019/Nyan Zay Htet

U-Report ဟူသည် အရွယ်ရောက်ပြီးသူများနှင့် လူငယ်များကို ၎င်းတို့အတွက်အရေးပါသည့်အရာများ၊ မဲပေးမှုအပေါ်တုံ့ပြန်မှုများ၊ ကလေးအခွင့်အရေးများကိုကာကွယ်ပေးမှုများအပြင်၊ ပြောင်းလဲမှုအတွက် အပြု သဘောဆောင်သည့်ကိုယ်စားလှယ်များအဖြစ် လုပ်ဆောင်မည့်အရာများနှင့်စပ်လျဉ်း၍ ထုတ်ဖော်ပြောဆိုရန် ခွင့်ပြုပေးထားသည့် ဆန်းသစ်တီထွင်မှုရှိသောလူမှုရေးရာ သတင်းစကားပေးပို့ခြင်းနည်းလမ်းတစ်ရပ်ပင်ဖြစ်သည်။

Embedded video follows
UNICEF Myanmar

ပူးပေါင်းပါဝင်ရန်အတွက် ကုန်ကျစရိတ်မရှိသည့်အပြင်၊ အပြန်အလှန်အားဖြင့် ဆွေးနွေးကြမည့်ခေါင်းစဉ် များစွာနှင့်စပ်လျဉ်းသည့် အသိပညာတို့ကို ကူညီမြှင့်တင်ပေးနိုင်မည့် သတင်းအချက်အလက်များနှင့် ဗဟုသုတ များကို အရွယ်ရောက်ပြီးသူများနှင့် လူငယ်များအနေဖြင့် ရရှိမည်ဖြစ်သည်။