ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် မျှော်လင့်ချက်ရောင်ခြည်တောက်ပလာစေသော ငွေကြေးထောက်ပံ့မှုအစီအစဉ်

ယူနီဆက် ငွေကြေးအကူအညီသည် မိသားစုများအတွက် ထိရောက်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့

ဖြူဖြူဝင်းနှင့် Ruth Ayisi ရေးသားသည်။
UNICEF Myanmar
UNICEF Myanmar/2021/Nyan Zay Htet
09 မေလ 2022

မနီလာ[1] ၏ ခင်ပွန်းဖြစ်သူ ကိုစန်းသည် သူမနှင့် သားသမီးသုံးယောက်အား ရန်ကုန်မြို့ရှိ လူနေ အထူထပ်ဆုံးမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာတွင် ဆိုက်ကယ်တက္ကစီမောင်း၍ ကောင်းမွန် စွာ ရှာဖွေကျွေးမွေးနိုင်ခဲ့သူ ဖြစ်ပါသည်။

သို့သော် ဤသည်မှာ ၂၀၂၀ ခုနှစ်တွင် ကူးစက်ပြန့်ပွားလာသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လော့ဒေါင်းများမချမီ အချိန်က ဖြစ်သည်။ ထိုကပ်ရောဂါ ဖြစ်ပွားလာသောအခါ ကိုစန်းကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ သွားလာရန် လိုအပ်သူများအပေါ် မှီခိုအားထား၍ လုပ်ကိုင်စား သောက်နေရသော သူများသည် ဆိုးရွားပြင်းထန်သော သက်ရောက်မှုများကို တွေ့ကြုံခံစားကြရ ပါသည်။  

ယမန်နှစ်က စတင်ဖြစ်ပွားခဲ့ပြီး ယခုလက်ရှိအချိန်အထိ ကြုံတွေ့ခံစားနေရဆဲဖြစ်သည် အကျပ် အတည်းအခြေအနေကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်မှု ကန့်သတ်ချက်များ ပိုမို တင်းကျပ်လာသောအခါ အခြေအနေမှာ ပို၍ပင် ဆိုးရွားလာခဲ့ပါသည်။

မသန်စွမ်းကလေးများအတွက် ၄,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂.၀၀ ဒေါ်လာကျော်) ကို ထပ်ဆောင်းထောက်ပံ့ပေးပါသည်။

UNICEF သည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မိတ်ဖက်ပြု ပူးပေါင်းကာ ထိခိုက်လွယ် သော မိသားစုများအား သတ်မှတ်ဖော်ထုတ်၍ မှတ်ပုံတင်ခြင်းအပါအဝင် ဤအစီအစဉ်အား ဆောင်ရွက်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုများ ရှိစေရန် လေ့ကျင့်သင်တန်းပေးခဲ့ပါသည်။ မှတ်ပုံတင်စာရင်းသွင်းပြီးပြီဆိုလျှင် ငွေကြေးအထောက်အပံ့များ ပေးအပ်ရန်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသော မိသားစုများအား စာတိုမက်ဆေ့များ ပေးပို့ကာ ၎င်းတို့အား ငွေကြေးထောက်ပံ့မည့် အစီအစဉ်ကို အသိပေးပါတယ်။ ထို့နောက် ၎င်းတို့၏ မှတ်ပုံတင်ကတ်ပြားများကို ပြသကာ အေးဂျင့်များထံမှ ငွေများကို လစဉ် လာ ရောက်ထုတ်ယူစေပါသည်။

ဤငွေကြေးအကူအညီသည် သူမ၏ မိသားစုနှင့် သူမတို့နှင့်ဘဝတူ မိသားစုအများအပြား အတွက် အလွန်ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်ဟု မနီလာက ဆိုပါသည်။ ထောက်ပံ့ငွေ ၄၂,၈၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂၄.၀၀ ဒေါ်လာခန့်) ကို လက်ခံရရှိပြီးသည့် နောက်တွင် “ငွေကြေးထောက်ပံ့မယ့်အကြောင်း SMS စာကို တွေ့တဲ့အချိန်မှာ ကျွန်မအရမ်း ဝမ်းသာပြီး အတော်လည်း စိတ်သက်သာမှု ရခဲ့ပါတယ်။ ကျွန်မက စာမဖတ်တတ်ပါဘူး၊ ဒါပေမဲ့ မတ်ဆေ့မှာပါတဲ့ ဂဏန်းတွေကို မြင်ရင်တော့ သိပါတယ်” ဟု သူက ဆိုပါသည်။ 


[1] လျှို့ဝှက်ထိန်းသိမ်းပေးရန်အတွက် ဤဖြစ်ရပ်တွင် ပါဝင်သူများအားလုံး၏ အမည်မှန်များကို ဖော်ပြထားခြင်း မရှိပါ။

UNICEF Myanmar
UNICEF Myanmar/2021/Nyan Zay Htet Ma Nilar receives her UNICEF cash transfer from a local agent

“ရတဲ့ငွေနဲ့ မိသားစုအတွက် ဆန်နဲ့ တခြားလိုအပ်တာလေးတွင် ဝယ်ခဲ့ပါတယ်။ ၆ နှစ်အရွယ် ကျွန်မ သားလေးအတွက် ဗလာစာအုပ်တွေလည်း ဝယ်လို့ရလို့ သားကို ကျောင်းပို့နိုင်ခဲ့ပါတယ်” ဟု မနီလာက ပြောပြပါသည်။ သူမ၏ ၁၈ လအရွယ်သားငယ် နေမကောင်းဖြစ်သော အခါတွင် လည်း ဆရာဝန်ပြရန်အတွက် ထောက်ပံ့ငွေအချို့ကို သူမ အသုံးပြုနိုင်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီကပင် မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရွှေ့ ပြောင်းရသူပေါင်း ၃၇၀,၄၀၀ သည် လုံလောက်သော အမိုးအကာနေစရာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အခြေခံဝန်ဆောင်မှုများအား လက်လှမ်းမီ အသုံး ပြုနိုင်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် ပိုမိုဆိုးရွားလာသော လုံခြုံရေးအခြေအနေများကြောင့် နောက်ထပ် လူပေါင်း ၄၅၃,၀၀၀ ခန့် ထပ်မံ၍ နေရပ်စွန့်ခွာရွှေ့ပြောင်းကြရပြီး လူနေထူထပ် ကျပ်ညပ်နေသော မြို့ပြ ဒေသများအပါအဝင် နေရပ်စွန့်ခွာသူများ ရောက်ရှိလာရာ နေရာဒေသများရှိ ရပ်ရွာလူမှု အသိုင်းအဝိုင်းများအပေါ် ဖိအားများ ဖြစ်ပေါ်လာစေပါသည်။ ဆင်းရဲနွမ်းပါးမှုသည်လည်း တရှိန်ထိုး မြင့်တက်လာခဲ့ပါသည်။ မြန်မာနိုင်ငံရှိ လူဦးရေ ၅၄ သန်းတွင် ထက်ဝက်နီးပါးသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရပြီး အသင့်အတင့် သို့မဟုတ် ပြင်းထန်သော စားနပ်ရိက္ခာမဖူလုံ မှုကို တွေ့ကြုံခံစားနေရသူပေါင်း ၁၃ သန်းကျော် ရှိသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က ခန့်မှန်းထားပါသည်။[2]


[2] ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs)၊ ‘Myanmar Humanitarian Update No. 15’၊ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅) ရက်၊ <https://reliefweb.int/report/myanmar/myanmar-humanitarian-update-no-15-15-february-2022>.