အလုပ်အကိုင်အခွင့်အရေး

ကျွန်ုပ်တို့ ကမ္ဘာကြီးကိုပြောင်းလဲတာကို ကူညီလိုပါသလား။ လက်ရှိ UNICEF Myanmar အလုပ်အကိုင်အခွင့်အလမ်းများကို လေ့လာပါ

UNICEF Myanmar
UNICEF Myanmar/2024/Maung Nyan

အလုပ်အကိုင်အခွင့်အရေး

နှစ်ပေါင်း ၇၀ တိုင်တိုင် UNICEF သည်ကလေးသူငယ်များရှင်သန်ရပ်တည်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန် နိုင်ငံပေါင်း ၁၉၀ ကျော်၌ ဖွံ့ဖြိုးမှုအတွက်လုပ်ကိုင်ရာမြေပြင်တွင် လုပ်ဆောင်နေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကမ္ဘာ့အကျယ်ပြန့်ဆုံးကာကွယ်ဆေးဖြန့်ဖြူးသည့် ယူနီဆက်ဖ်သည် ကလေးကျန်းမာရေးနှင့်အာဟာရ၊ ရေကောင်းရေသန့်နှင့်သန့်ရှင်းရေး၊ ယောက်ျားလေးများနှင့်မိန်းကလေးအားလုံးအတွက်အရည်အသွေးမှီအခြေခံပညာရေးနှင့် ကလေးများအားအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်ခြင်း၊ အေအိုင်ဒီအက်စ်တို့မှ ကာကွယ်ခြင်းတို့အားလုံးကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။

UNICEFသည် ကလေးသူငယ်များ၏အခွင့်အရေးများကို အကောင်အထည်ဖော်သော ကမ္ဘာကြီးကိုတည်ဆောက်ရန်ကူညီသော တွန်းအားဖြစ်သည်။ ယူနီဆက်ဖ်သည် ကလေးကျန်းမာရေးနှင့်အာဟာရ၊ ရေကောင်းရေသန့်နှင့် သန့်ရှင်းရေး၊ ယောက်ျားလေးများနှင့်မိန်းကလေးအားလုံးအတွက် အရည်အသွေးမှီအခြေခံပညာရေးနှင့် ကလေးများအားအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနှင့် အေအိုင်ဒီအက်စ်မှကာကွယ်ပေးခြင်းတို့ကို ထောက်ပံ့ပေးသည်။ UNICEF သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကာကွယ်ဆေးကို ကမ္ဘာ့အကျယ်ပြန့်ဆုံးဖြန့်ဖြူးသူဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအခွင့်အာဏာသက်ရောက်နိုင်သည့် ယူနီဆက်သည် ကမ္ဘာ့အဆင့်ဆုံးဖြတ်ချက်ချသူများအား လွှမ်းမိုးနိုင်ပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ အတွေးအခေါ်များကို အစစ်အမှန်အဖြစ်သို့ပြောင်းလဲနိုင်ပါသည်။

၀န်ထမ်း ၁၃,၀၀၀ ကျော်သည် UNICEF နှင့်အတူအလုပ်လုပ်ကြပြီး ခန့်မှန်းခြေအားဖြင့် ၈၅ရာခိုင်နှုန်းသည် နိုင်ငံပေါင်း ၁၉၀ရှိ ဖွံ့ဖြိုးမှုအတွက်လုပ်ကိုင်ရာနေရာတွင် တည်ရှိသည်။ ကမ္ဘာတဝှမ်းရှိ ဒေသဆိုင်ရာရုံး ၇ ခုနှင့်နိုင်ငံဆိုင်ရာရုံး ၁၂၄ ခုကျော်၊ အမျိုးသားကော်မတီ ၃၄ ခု၊ ဖလောရင့်စ်တွင်သုတေသနဌာနတစ်ခု၊ Copenhagen တွင်ထောက်ပံ့ရေးဌာနတစ်ခု၊ ဘူဒါပက်စ်ရှိ မျှဝေဝန်ဆောင်မှုစင်တာနှင့် ဘာလင်ရှိရုံးများ၊ ဘရပ်ဆဲလ်၊ ဆိုးလ်နှင့် တိုကျိုရှိရုံးများနှင့် နယူးယောက်၊ဂျီနီဗာရှိ ယူနီဆက်ဌာနချုပ်တို့သည် ကလေးဘဝမှစ၍ ဆယ်ကျော်သက်အရွယ်အထိကလေးများရှင်သန်ဖွံ့ဖြိုးရန် ကူညီပါသည်။

ကျွန်ုပ်တို့၏ အဓိကအာရုံစိုက်သောကဏ္ဍ ငါးခုဖြစ်သည့် ကလေးရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံပညာရေးနှင့် ကျား၊မတန်းတူညီမျှမှု၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ ကလေးကာကွယ်ရေး၊ မူဝါဒစည်းရုံးရေး နှင့် မိတ်ဖတ်ခြင်းတို့တွင် လုပ်ကိုင်ရန် ကျွမ်းကျင်သူများကို ခန့်အပ်ထားပါသည်။

ကျွန်ုပ်တို့သည် စီမံခန့်ခွဲရေးနှင့် ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သတင်းအချက်အလက်နည်းပညာ၊ ထောက်ပံ့ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးအပြင် ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ရေးတို့တွင်လည်း ကျွမ်းကျင်သော ၀န်ထမ်းများကိုလည်းခန့်အပ်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများတွင် ယူနီဆက်ဖ်၏ တည်ရှိမှုသည် အရေးပေါ်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုဆိုင်ရာကျွမ်းကျင်သူများကိုလည်းရှာဖွေသည်ဟုဆိုလိုသည်။

ကလေးတိုင်းအတွက်ချန်ပီယံဖြစ်လိုပါသလား။

လက်ရှိခန့်အပ်နေသော အလုပ်နေရာများကိုအောက်တွင်ဖော်ပြမည်ဖြစ်ပါသည်။

Embedded video follows
UNICEF Myanmar

လစ်လပ်လျက်ရှိသောနေရာများ