ကလေးများမှာ ဖြစ်တတ်သည့် ပူဆွေးသောကရောက်မှု လက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ
ကလေးများတွင် တွေ့ရများသော စိတ်ဖိစီးမှုအပေါ် တုံ့ပြန်မှုများ
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ကလေးများတွင် မိမိတို့ပတ်ဝန်းကျင်ရှိ ဆိုးရွားသောဖြစ်ရပ်များအပေါ် တုံ့ပြန်မှုအမျိုးမျိုးရှိကြပါသည်။ ယဉ်ကျေးမှုတွေကလည်း ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြသည့်နည်းလမ်းများအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဥပမာအားဖြင့်ပြောရရင် အချို့သော ယဉ်ကျေးမှုတွေမှာ အော်ဟစ်ငိုကြွေးခြင်းကဲ့သို့ ပြင်းထန်သည့် စိတ်ခံစားချက်ဖော်ပြခြင်းမျိုးကို မသင့်တော်ဟုယူဆသော်လည်း အချို့သော ယဉ်ကျေးမှုများတွင်မူ ထိုသို့ဖော်ပြခြင်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။
အချို့သော ပူဆွေးသောကရောက်မှုလက္ခဏာတွေက မထင်မရှားရှိနိုင်ပါတယ်။ ကလေးအပေါ်မူတည်ပြီးတော့ မတူညီတဲ့ စိတ်ဆင်းရဲမှုလက္ခဏာအမျိုးမျိုးကို ပြသတတ်ပြီး အောက်မှာတော့ အသက်အရွယ်အမျိုးမျိုးအလိုက် တွေ့ရလေ့ရှိသည့် ပူဆွေးသောကရောက်မှုလက္ခဏာအချို့ကို ဖော်ပြထားပါတယ်။
သင်သိပါသလား?
စိတ်ဖိစီးမှုများပြီး အကျပ်အတည်းကြုံရသည့် အချိန်များတွင် ကလေးများသည် ၎င်းတို့ဘာသာ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သိရှိရန်အတွက် လူကြီးများ၏ အပြုအမူများနှင့် စိတ်ခံစားမှုများကို စောင့်ကြည့်တတ်ကြပါတယ်။
ကလေးများတွင် တွေ့ရများသော စိတ်ဖိစီးမှုအပေါ် တုံ့ပြန်မှုများ
ဤတုံ့ပြန်မှုများစွာမှာ ခဏတာမျှသာကြာမြင့်ပြီး စိတ်ဖိစီးစရာ ဖြစ်ရပ်များအတွက် ပုံမှန်တုံ့ပြန်မှုများဖြစ်သည်။ ဤတုံ့ပြန်မှုများမှာ ကာလရှည်ကြာမြင့်လာပါက ကလေးသည် ကျွမ်းကျင်သူတစ်ဦး၏ ပံ့ပိုးမှု လိုအပ်နိုင်ပါသည်။
အသက် | တုံ့ပြန်မှု |
၀-၃ နှစ် |
|
၄-၆ နှစ် |
|
၇-၁၂ နှစ် |
|
၁၃-၁၇ နှစ်(ဆယ်ကျော်သက်များ) |
|
အသက်အရွယ်အုပ်စုအားလုံး - ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ ဤတုံ့ပြန်မှုများမှာ ရုပ်ပိုင်းဆိုင်ရာ ရောဂါရှိကြောင်း အရိပ်လက္ခဏာများလည်း ဖြစ်နိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုခုကို ဖော်ထုတ်သိရှိနိုင်ရန် သင့်ကလေးကို ဆရာဝန်တစ်ဦးနှင့်ပြပါ။ |
|
ကလေးများတွင် အချိန်တိုင်းလိုလို အလွန်ပြင်းထန်သည့် စိတ်ဆင်းရဲမှုများ ခံစားနေရပါက တွေ့ရှိရသည့် တုံ့ပြန်မှုများ ကလေးများသည် ဤလက္ခဏာများကို ကာလရှည်ပြသနေပါက ကျွမ်းကျင်သူတစ်ဦး၏ ပံ့ပိုးမှုလိုအပ်ပါလိမ့်မည်။ |
|
စိတ်ခံစားမှုဆိုင်ရာ စစ်ဆေးမှုများ
COVID-19 ကမ္ဘာ့ကပ်ရောဂါသည် လူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲသော အချိန်တစ်ခုဖြစ်ပြီး အများအားဖြင့် ကလေးငယ်များစွာအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။ မိဘများအနေဖြင့် ကိုယ့်ကလေး မည်သို့ခံစားနေရကြောင်းကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ စိတ်ခံစားမှုပိုင်းအရ စစ်ဆေးခြင်းမှာ ကလေးကို “မည်သို့ခံစားနေရကြောင်း” တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မေးမြန်းခြင်းဖြစ်ပါတယ်။ စစ်ဆေးပုံနည်းလမ်းတစ်ခုမှာ ကလေးကို ပုံတစ်ပုံဆွဲခိုင်းခြင်း သို့မဟုတ် ဆေးရောင်ခြယ်ခိုင်းခြင်းဖြစ်ပါတယ်။ ထို့နောက် ထိုဆွဲထားတဲ့ပုံအကြောင်း ပြောပြခိုင်းပါ၊ ဥပမာအားဖြင့် ဘာပုံဆွဲထားတယ် သို့မဟုတ် ဘာကြောင့် ဒီလိုအရောင်သုံးထားတာလဲ စသဖြင့် မေးပါ။ ထိုသို့မေးခြင်းဖြင့် အချို့ကလေးများအား သူတို့ခံစားရပုံအကြောင်း ပြောပြရန် အထောက်အကူဖြစ်စေနိုင်ပါတယ်။ သို့သော် အချို့ကလေးများမှာ ဆွေးနွေးလိုခြင်းမရှိဘဲ ပုံကိုသာပြလိုသည်လည်းရှိနိုင်သဖြင့် ၎င်းတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးသင့်ပါတယ်။
စိတ်ဖိစီးမှုလျှော့ချရန်နှင့် သင့်ကလေး၏ စိတ်ကျန်းမာရေးကို ပံ့ပိုးပေးမည့် လှုပ်ရှားဆောင်ရွက်မှုများ
ဤလှုပ်ရှားဆောင်ရွက်မှုများကို စိတ်ဖိစီးမှုလျှော့ချရန်နှင့် ကလေးများ၏ စိတ်ကျန်းမာရေးကို ပံ့ပိုးပေးမည့် အပြုသဘောဆောင်သော နည်းလမ်းများပေးနိုင်ရန် သင့်ကလေးနှင့် အတူလုပ်ဆောင်နိုင်ပါတယ်။
ဝမ်းဗိုက်ဖြင့်အသက်ရှူခြင်း
တစ်ခါတစ်ရံ စိတ်ဖိစီးမှုများနေသည့်အချိန်များတွင် ကျွန်တော်တို့အသက်ရှူသံတွေ တိမ်လာပြီး ရင်ဘတ်များသာ မြင့်တက်လာကာ ဝမ်းဗိုက်ထဲရောက်သည်အထိ အသက်ပြင်းပြင်းရှူသွင်းရန် မေ့လျော့နေတတ်ကြပါတယ်။ ဝမ်းဗိုက်ဖြင့်အသက်ရှူခြင်းက အလွန်စိတ်တည်ငြိမ်စေပြီး အဆုတ်များအတွင်းထဲထိတိုင် အောက်ဆီဂျင်ရောက်ရှိနိုင်အောင် ကူညီပေးပါတယ်။
ဘယ်လိုလုပ်ရမလဲ...
- လက်ကို ဗိုက်ပေါ်တင်ထားပါ
- အသက်ပြင်းပြင်း ၅ ခါရှူပါ၊ ၅ စက္ကန့်ကြာ အသက်ရှူသွင်းပြီး ၅ စက္ကန့်ကြာ အသက်ရှူထုတ်ပါ၊ နှာခေါင်းဖြင့် အသက်ရှူသွင်းပြီး ပါးစပ်မှအသက်ရှူထုတ်ပါ
- သင့်ကလေးအသက်ရှူသွင်းချိန်တွင် ပူဖောင်းကဲ့သို့ သူတို့၏ ဝမ်းဗိုက်ထဲသို့ ညင်သာစွာ လေမှုတ်သွင်းလိုက်ခြင်းဖြစ်ပြီး အသက်ရှူထုတ်လိုက်ချိန်တွင် တစ်ဖန် ပူဖောင်းထဲမှ လေကို ပြင်ပသို့ ဖြည်းညင်းစွာ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ရှင်းပြပေးပါ။
ကိုယ့်အတွက် အရေးပါတဲ့ သီးသန့်နေရာတစ်ခု
တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေမှာ စိတ်ညစ်စရာတွေ စုပုံလာတတ်ပါတယ်။ စိတ်ဖိစီးမှုမရှိဘဲ အေးချမ်းသောနေရာတစ်ခုကို ရောက်သွားတယ်လို့ စိတ်ကူးယဥ်ကြည့်ခြင်းဟာ ကလေးတွေအတွက် စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါသည်။ ထိုကဲ့သို့ နေရာတစ်ခုကို သင့်ကလေးစိတ်ကူးကြည့်နိုင်ဖို့ အောင်ကလှုပ်ရှားမှုလေးကို လုပ်ကြည့်လိုက်ပါ။
ဘယ်လိုလုပ်ရမလဲ...
- သက်သောင့်သက်သာရှိသော နေရာတစ်ခုတွင် မျက်စိမှိတ်၍ စိတ်လျှော့ထားပြီး ထိုင်ပါ သို့မဟုတ် လှဲနေပါ
- နှာခေါင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲထိရောက်အောင် အသက်ကို အကြိမ်ရေများစွာ ဖြည်းဖြည်းနှင့် ပြင်းပြင်းရှူသွင်းပါ။ ပါးစပ်မှတစ်ဆင့် အသက်ရှူထုတ်ပါ
- အသက်ကို ဖြည်းဖြည်းဖြင့် ညင်ညင်သာသာ ဆက်ရှူပါ။ ညင်ညင်သာသာဖြင့် ခပ်ရှည်ရှည် အသက်ရှူသွင်းပြီးနောက် ညင်ညင်သာသာဖြင့် ခပ်ရှည်ရှည် အသက်ရှူထုတ်ပါ
- ဇာတ်လမ်းကို နားထောင်ပြီး စိတ်ထဲတွင် လိုက်လုပ်ကြည့်ပါ။ ဇာတ်လမ်းထဲရောက်နေသည်ဟု စိတ်ကူးကြည့်ပါ။
“သင်ဟာ ဖြူလွလွ သဲသောင်ပြင်ပေါ်မှာ ရပ်နေတယ်လို့မြင်ယောင်ကြည့်ပါ။ မနက်စောစောအချိန်ဖြစ်ပြီး အရာအားလုံးက တိတ်ဆိတ်နေတယ်။ နေကတဖြည်းဖြည်းတက်လာပြီး သင့်မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ နွေးထွေးတဲ့အလင်းရောင်ကို ခံစားရမယ်။ သင်ဟာ ပျော်ရွှင်ပြီး ငြိမ်းချမ်းနေမယ်။ သင့်ရဲ့ခြေဗလာအောက်က သဲတွေက နူးညံ့ပြီးနွေးထွေးနေတယ်။ လေနုအေးလေးက သင့်မျက်နှာပေါ် ဖြတ်ပြေးသွားမယ်။ ကောင်းကင်က ပြာလဲ့လဲ့နဲ့ ငှက်ကလေးတွေက ပျံဝဲပြီး တေးဆိုနေကြတယ်။ ဒီနေရာလေးက လုံခြုံဘေးကင်းတာကြောင့် သင် ဒီမှာအနားယူလို့ရတယ်။ ဒီနေရာက သင့်နှလုံးသားထဲမှာ အမြဲရှိနေတဲ့နေရာဖြစ်သလို သင်အမြဲပြန်လာလို့ရတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ သင်ဆန္ဒရှိတဲ့အခါတိုင်း သွားလို့ရတဲ့နေရာတစ်ခုပေါ့။ အခု တဖြည်းဖြည်းနဲ့ သင်ဟာ အသက်ရှူခြင်းကို ပြန်ပြီး သတိပြုမိလာမယ်- ဝင်လေထွက်လေရဲ့ နူးညံ့ညင်သာတဲ့ စည်းချက်ကို သတိပြုမိမယ်။ သင့်အရေပြားပေါ်က လေရဲ့ခံစားချက်ကို သတိပြုကြည့်ပါ။ လက်ချောင်းလေးတွေ ခြေချောင်းလေးတွေပေါ်ကို သိပ်ကိုနူးညံ့ညင်သာစွာ လူးလွန့်ဖြတ်တိုက်သွားမယ်။ အသက်ကို ကြာကြာရှူသွင်းပါ၊ အသက်ကိုခပ်ပြင်းပြင်းရှူထုတ်ပါ။ သင်အဆင်သင့်ဖြစ်ပြီဆိုရင် မျက်လုံးတွေကို ဖွင့်လိုက်ပါ။”
စာရေးခြင်း
ကပ်ရောဂါဘေးအတွင်းတွင် သင့်ကလေးက အချို့သော သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ မတွေ့ဆုံနိုင်ပါက စာရေးခြင်းသည်ဖြင့် သူတို့ရဲ့ သံယောဇဉ်ကို ပြသနိုင်ပါတယ်။
ဘယ်လိုလုပ်ရမလဲ...
- သင့်ကလေးကို သူတို့မတွေ့ရသည်မှာကြာပြီဖြစ်တဲ့ ချစ်ရသူတစ်ဦးအတွက် စာတစ်စောင်ရေးခိုင်းပါ သို့မဟုတ် ပုံတစ်ပုံရေးခိုင်းပါ
- ဒီနေ့ ကိုယ်ချစ်ရသူနဲ့ အတူတူထိုင်နေရတယ်ဆိုရင် ဘာပြောလိုပါသလဲ
- သူတို့နဲ့ ပတ်သက်ပြီး သင်ချစ်ရသည့်အချက်တွေက ဘာလဲ
- သူတို့နဲ့ ပတ်သက်၍ သင့်ကိုပြုံးရယ်စေနိုင်သည့် အမှတ်တရတွေက ဘာတွေလဲ