ကလေးလေချဥ်တက်လာအောင် ဘယ်လိုလေထုတ်ပေးရမလဲ
မိဘတွေအတွက် အသုံးဝင်မယ့် နည်းလမ်းများ
- English
- မြန်မာ
လေထုတ်ပေးခြင်းဟာ ကလေးနို့တိုက်ခြင်းအတွက် အရေးပါပါတယ်။ ဒီ article ထဲမှာ ကိုယ့်ကလေးရဲ့ဗိုက်ထဲမှာလေတွေပြည့်နေတဲ့ လက္ခဏာတွေကဘာတွေလဲနဲ့ ကလေးကို ဘယ်လို လေချဥ်တက်လာအောင်လုပ်ပေးရမလဲဆိုတာကို လေ့လာနိုင်ပါတယ်။
ကလေးလေချဥ်တက်လာအောင် ဘယ်လိုလေထုတ်ပေးရမလဲ
ဘာလို့လုပ်ပေးရတာလဲ
ကလေးနို့တိုက်တဲ့အခါ လေချဥ်တက်လာအောင်လုပ်ပေးဖို့က သိပ်ကိုအရေးကြီးပါတယ်။ ကလေးက မိခင်နို့ရည်ကို မျိုချလိုက်တဲ့အချိန်မှာ လေတွေပါ ဗိုက်ထဲရောက်သွားပြီး မအီမသာဖြစ်စေတတ်ပါတယ်။ လေထုတ်ပေးခြင်းက ဗိုက်ထဲရောက်သွားတဲ့လေတွေကို ထုတ်ပေးလိုက်တဲ့အတွက် ကလေးအတွက် ဗိုက်အောင့် ဗိုက်နာတာကို သက်သာစေပါတယ်။ နို့အန်တာ မဖြစ်အောင်ကာကွယ်ပေးပါတယ်။
ဗိုက်ထဲမှာ လေတွေပြည့်နေတဲ့လက္ခဏာများ
ကလေးကငိုနေတာ၊ နောက်ပြန်ကော့ထိုးနေတာ၊ ဒူးကိုကွေးပြီးဗိုက်နဲ့ကပ်နေတာ၊ လက်သီးဆုပ်တာတွေက လေတွေပြည့်နေတဲ့ လက္ခဏာတွေပါ။
ဘယ်အချိန်တွေမှာ လေထုတ်ပေးရမလဲ
ကလေးကို ဘယ်အချိန်မှာ လေထုတ်ပေးရမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ထားတာမျိုး မရှိပါဘူး။ တချို့ကလေးတွေက နို့တိုက်နေရင်း လေထုတ်ပေးဖို့လိုတတ်သလို တချို့ကလေးတွေက နို့တိုက်ပြီးမှ လေထုတ်ပေးဖို့ လိုတတ်ပါတယ်။ ပြီးတော့ တချို့ကလေးတွေက တခြားကလေးတွေထက် လေထုတ်ပေးရတာ ပိုလွယ်တတ်ပါတယ်။
ဘယ်လိုလေထုတ်ပေးရမလဲ
မိဘတော်တော်များများ အသုံးပြုတတ်တဲ့ လေထုတ်နည်း ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်နည်းက အကောင်းဆုံးလဲ၊ ဒါမှမဟုတ် ဘယ်နည်းနှစ်ခုကို ပေါင်းပြီးလုပ်ကြည့်ရင် ပိုအဆင်ပြေမလဲဆိုတာ သိရဖို့ အားလုံးကို စမ်းလုပ်ကြည့်ကြည့်ပါ။
- ၁။ပခုံးပေါ်မှီထားပြီး လေထုတ်နည်း
ကလေးကို မတ်မတ်ချီထားပြီး ကိုယ့်ရဲ့ ပခုံးပေါ်မှာ ကလေးခေါင်းကို မှီထားပါ။ ကလေးရဲ့ကိုယ်ကို လက်တစ်ဖက်နဲ့ထိန်းထားပြီး နောက်လက်တစ်ဖက်က ကလေးကျောကို ပုတ်ပေးပါ။
အကြံပြုချက်- လက်ကိုဖြန့်လျက်ပုတ်ပေးတာထက် လက်ကို အနည်းငယ်ခုံးခုံးလေးလုပ်ပြီး ပုတ်ပေးတာက ပိုညင်သာပါတယ်။ - ၂။ ပေါင်ပေါ်ထိုင်ခိုင်ပြီး လေထုတ်နည်း
ကလေးကို ပေါင်ပေါ်မှာ မတ်မတ်လေးထိုင်ခိုင်းပြီး နောက်လက်တစ်ဖက်က ကလေးရဲ့ မေးစေ့နဲ့ ရင်ဘတ်ကို ထိန်းပေးထားပါ။ နောက်လက်တစ်ဖက်နဲ့ ကျောကို ပွတ်ပေးပါ၊ ခပ်ဖွဖွ ပုတ်ပေးပါ။
အကြံပြုချက်- ကလေးရဲ့ ကျောကို ခပ်ဖွဖွ ပုတ်ပေးပါ။ လေမထွက်သေးရင် နှစ်ကြိမ် သုံးကြိမ် လုပ်ပေးနိုင်ပါတယ်။ - ၃။ ပေါင်ပေါ်မှာ လှဲထားပြီး လေထုတ်နည်း
ကလေးကို ပေါင်ပေါ်မှာ မှောက်လျက်လှဲထားပြီး ကျောကို ခပ်ဖွဖွပွတ်ပေးပါ၊ ပုတ်ပေးပါ။
အကြံပြုချက် - အန်တာ၊ တံထွေးထွေးချတာတွေ ဖြစ်တတ်တဲ့အတွက် အနားမှာ အဝတ်စတစ်ခုယူထားပါ။
လေတွေပြည့်နေတဲ့လက္ခဏာတွေ ပြနေတုန်းပဲလား
ကလေးကိုပက်လက်ထားပြီး ဗိုက်ကို ညင်ညင်သာသာလေး နှိပ်ပေးပါ။ ကလေးရဲ့ ခြေထောက်နှစ်ခြောင်းကို စက်ဘီးစီးသလို ရှေ့တိုင်းနောက်ငင် လုပ်ပေးပါ။ အကယ်၍ ဒီအကြံပြုချက်တွေနဲ့ အဆင်မပြေဘူးဆိုရင် နောက်ထပ်နည်းလမ်းတွေသိနိုင်ဖို့ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆွေးနွေးကြည့်ပါ။