လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားမှုမှ ကာကွယ်ခြင်း (PSEA)
ယူနီဆက်၏ ကတိကဝတ်
- English
- မြန်မာ
ယူနီဆက်သည် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်အလွဲသုံးစားမှု (SEA) အပေါ် လုံးဝသည်းမခံသည့် မူဝါဒရှိပါသည်။ မည်သည့်အခြေအနေမျိုးတွင်မဆို အထူးသဖြင့်ထိခိုက်လွယ်ဆုံးသူများအပေါ် လုပ်ပိုင်ခွင့်ရှိသူတစ်ဦးက ၎င်းတို့၏ အခွင့်အာဏာကို အလွဲသုံးစားလုပ်ခြင်းကို မည်သည့်အခါမျှ လက်ခံနိုင်ဖွယ်မရှိပါ။
မြန်မာနိုင်ငံတွင် SEA ကို ကာကွယ်ရန်အတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှုမှ ကာကွယ်ရေးကွန်ရက် (PSEA) ကို တည်ထောင်ခဲ့သည်။ အဆိုပါကွန်ရက်သည် အဖွဲ့အစည်းများ၏ PSEA မူဝါဒများကို အကောင်အထည်ဖော်ရန်အတွက် ပုံမှန်တွေ့ဆုံပြီး ထောက်ပံ့ကူညီမှုများကိုလုပ်ဆောင်ပေးပါသည်။
အကူအညီကို အခမဲ့ရယူနိုင်ပါသည်
- SEA နှင့်ပတ်သက်သည့် အကူအညီကို အခမဲ့ရယူနိုင်ပါသည်။ အထောက်အပံ့နှင့် ဝန်ဆောင်မှုများအတွက် မည်သည့်ပုံစံဖြင့်မဆို လိင်ပိုင်းဆိုင်ရာ အကျိုးအမြတ်များကို တောင်းဆိုခွင့်မရှိပါ။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှု စွပ်စွဲချက်များနှင့် ဖြစ်ရပ်များကို အောက်ပါ အီးမေးလ်- [email protected] နှင့် မိုဘိုင်းနံပါတ်- ၀၉၄၀၅၁၄၉၆၁၆ သို့ သတင်းပေးပို့ပါ - သို့မဟုတ် သင့်အနီးရှိယူနီဆက်ရုံးရှိ PSEA ပင်မတာဝန်ခံထံသို့ ဆက်သွယ်ပါ။
- အကူအညီပေးရေးလုပ်ငန်းမှ တာဝန်ရှိသူများသည် သင့်အား အော်ဟစ်ခြင်း၊ သင့်ကိုယ်ခန္ဓာ၏ မည်သည့်အစိတ်အပိုင်းကိုမဆို ထိတွေ့ခြင်း သို့မဟုတ် သင့်ကို စိတ်မသက်မသာဖြစ်စေခြင်းများ မည်သည့်အခါမှ မပြုလုပ်ရပါ။ ၎င်းတို့က သင့်ကို ထိခိုက်နာကျင်စေလျှင် သင်ယုံကြည်ရသူ လူကြီးတစ်ဦးကို ပြောပြသင့်သည်။ အဖြစ်အပျက်များသည် သင့်အပြစ်မဟုတ်သည်ကို အမှတ်ရပါ။
- အစားအစာ၊ ကျောင်းစာအုပ်များ၊ ဂိမ်းများ၊ အဝတ်အထည်များအပါအဝင် အထောက်အပံ့အားလုံးသည် - အခမဲ့ဖြစ်သည်။ ဤပစ္စည်းများကို လဲလှယ်သည့်အနေဖြင့် မည်သူကမှ သင့်ကို မည်သည့်အရာမှ မတောင်းဆိုသင့်ပါ။ အကယ်၍ သင် သို့မဟုတ် သင်သိသော အခြားသူများ၌ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ခဲ့လျှင် သင်ယုံကြည်ရသူတစ်ဦးအား ထိုအကြောင်းကို ပြောပြပါ။ ဤပြဿနာကို သတင်းပို့ခြင်းအတွက် သင့်အား မည်သည့်ထိခိုက်မှုမျှ ဖြစ်ပေါ်စေမည်မဟုတ်ပါ။ ဤနံပါတ် - ၀၉၄၀၅၁၄၉၆၁၆ ကို ဖုန်းခေါ်ဆိုနိုင်သည့် သင်ယုံကြည်ရသော လူကြီးတစ်ဦးနှင့် ကျေးဇူးပြု၍ စကားပြောပါ။
သတင်းပို့ရန်
သတင်းပို့ရမည့်အချိန်
မည်သည့်ကလေးဖြစ်စေ မည်သည့်အခါမှ လုံးဝထိခိုက်မှုမရှိစေရပါ။
ယူနီဆက် သို့မဟုတ် ၎င်းတို့လုပ်ဖော်ကိုင်ဖက်များ၏ မည်သည့်အလုပ်မဆို သင်၊ သင်၏ မိသားစုကို နောက်ထပ်ထိခိုက်နစ်နာမှုဖြစ်စေမည့် ဖော်ထုတ်မှုမျိုး မဖြစ်စေရပါ။ ၎င်းသည် အန္တရာယ်ဖြစ်စေလျှင် သင့်ဒေသရှိ တုံ့ပြန်ဆောင်ရွက်သူများ (ရပ်ရွာခေါင်းဆောင်များနှင့် စခန်းခေါင်းဆောင်များအပါအဝင်) ၊ ယုံကြည်စိတ်ချရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် သတ်မှတ်ထားသော ပင်မတာဝန်ခံများထံ သင်သင့်လျော်သည်ဟု ခံစားရသည့်အတိုင်း သတင်းပို့ပါ။
ယူနီဆက်၏ ဝန်ထမ်းများအားလုံးသည် ယူနီဆက်မှ ပံ့ပိုးပေးလျက်ရှိသော ကလေးများနှင့် လူမှုအသိုင်းအဝိုင်းများကို အကာအကွယ်ပေးရန်နှင့် ၎င်းတို့အပေါ် သံသယဖြစ်ဖွယ် ခြိမ်းခြောက်မှုများ သို့မဟုတ် မှားယွင်းသောလုပ်ရပ်များကို ချက်ချင်းအစီရင်ခံရန် တာဝန်ရှိသည်။
သတင်းပေးပို့ပုံ
သတင်းပို့ရန် သီးသန့်ဖုန်းလိုင်း - +၉၅ ၉ ၄၀၅ ၁၄၉ ၆၁၆
အီးမေးလ်- [email protected] သို့မဟုတ် သင့်အနီးရှိ ယူနီဆက်ရုံးရှိ PSEA ပင်မတာဝန်ခံကို ဆက်သွယ်ပါ။