မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူကုန်ကူးခံရသူများနှင့် လက်တွဲလုပ်ကိုင်ခြင်း
ဝန်ဆောင်မှုပံ့ပိုးပေးသူများအတွက် လမ်းညွှန်မှတ်စု
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
အဓိကဖော်ပြချက်များ
ဤလမ်းညွန်မှတ်စုသည် ကိုဗစ်-၁၉ နှင့် ဆက်စပ်အခြေအနေများအတွင်း လူကုန်ကူးခံရသူများနှင့် တိုက်ရိုက်လက်တွဲလုပ်ကိုင်နေကြသော အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် ဝန်ဆောင်မှု ပံ့ပိုးပေးသူများအနေဖြင့် မိမိတို့၏ ဖြစ်ရပ်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများကို ဆီလျော်အောင်ပြုပြင်နိုင်ရန်အတွက် အထောက်အကူပြုရန် ကိုးကားနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
ဤလမ်းညွှန်တွင် ကိုဗစ်-၁၉ ရောဂါ၏ လူကုန်ကူးခံရသည့် သားကောင်များအပေါ် သက်ရောက်မှုများနှင့် ဝန်ဆောင်မှုပံ့ပိုးပေးသူများအနေဖြင့် ကိုဗစ်-၁၉ နှင့် ဆက်စပ်အခြေအနေတစ်ခုတွင် ဖြစ်ရပ်စီမံခန့်ခွဲမှု အဆင့်တစ်ခုစီတိုင်း၌ ဆောင်ရွက်နိုင်မည့် လုပ်ဆောင်ချက်များနှင့် ကာကွယ်ပေးရေး အစီအမံများကို အသားပေးဖော်ပြထားပါသည်။
