19 မေလ 2022

ဆယ်ကျော်သက်ကလေးရဲ့ စိတ်ကျန်းမာရေးကို ပံ့ပိုးပေးနိုင်မယ့် နည်းလမ်း (၄) ခု

ကိုယ်နဲ့ကိုယ့်ကလေးရဲ့ ဆက်ဆံရေးက အဆင်ပြေတာပဲဖြစ်ဖြစ်၊ အဖုအထစ်လေးတွေ ရှိတာပဲဖြစ်ဖြစ် ကိုယ်က သူ့ကိုချစ်တယ်၊ ပံ့ပိုးပေးနေတယ်ဆိုတာကို ပြဖို့ သိပ်အရေးကြီးတယ်။ ခက်ခဲတဲ့အချိန်တွေမှာ သူ့ကိုလမ်းပြပေးနိုင်တယ်၊ သူ့အတွက် အမြဲရှိပေးနေမယ်ဆိုတာသိအောင် ပြဖို့လိုပါတယ်။ ကိုယ့်ကလေးကို ဘယ်လိုနေလဲ ဘာတွေခံစားနေရလဲလို့ မေးတဲ့အခါမျိုးမှာ သူ့အတွက်ကိုယ်ရှိနေတယ်ဆိုတာပြဖို့ မ…, ၁။ သူတို့ဘာတွေခံစားနေရလဲဆိုတာ ပြောပြဖို့အားပေးပါ, ကိုယ့်ကလေးအနေအထားကို သိနိုင်မယ့် နည်းလမ်းတွေကိုရှာထားပါ။ ဒီနေ့သူတို့ဘယ်လိုအခြေအနေရှိလဲ၊ ဘာတွေလုပ်ဖြစ်လဲဆိုတာ မေးပါ။ အလုပ်တစ်ခုခုလုပ်နေရင်း ဥပမာ ညစာစားဖို့ပြင်နေတုန်း အတူတူလာပြင်ပေးဖို့ပြောရင်း သူတို့ရဲ့တစ်နေ့တာအကြောင်း စကားပြောကြည့်ပေါ့။ ဘာတွေပဲဖြစ်နေဖြစ်နေ ကိုယ်က သူ့အတွက်ရှိနေတယ်ဆိုတာ သူတို့သိပါစေ။ သူတို့ဘယ်လိုခံစားနေရတယ်၊ ဘာတွေတွေးနေတယ်ဆိုတာကို…, ၂။ ကလေးကိုပံ့ပိုးဖို့ အချိန်ပေးပါ, အလေ့အကျင့်အသစ်လေးတွေ၊ တစ်နေ့တာလုပ်နိုင်မယ့် ပန်းတိုင်လေးတွေသတ်မှတ်ပြီး အတူတူလုပ်ကြည့်ပါ။ ကျောင်းကခိုင်းထားတဲ့ အလုပ်တွေကြားမှာ အိမ်ဝေယျာဝစ္စလေးတွေ ထည့်လုပ်ခိုင်းလို့ရတယ် ဒါမှမဟုတ်လည်း ညစာမစားခင် အိမ်စာပြီးအောင်လုပ်ဆိုပြီး သတ်မှတ်ပေးတာမျိုး။ ဆယ်ကျော်သက်ဆိုတာ လွတ်လပ်ခြင်းဆိုတဲ့အဓိပ္ပါယ်ပဲ။ ကိုယ့်ကလေးကို သူတို့နဲ့ သင့်တော်တဲ့ ကိုယ်ပိုင်အချိန် ကိုယ်…, ၃။ မပြေလည်မှုတွေကနေ အောင်မြင်အောင် အတူတူအဖြေရှာကြည့်ပါ, ကိုယ့်ကလေးရဲ့အမြင်ကို နားထောင်ပါ။ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းဖို့ ကြိုးစားပါ။ မမေ့ရမှာက လူတိုင်းစိတ်ဖိစီးမှုရှိကြတယ်ဆိုတာပါပဲ။ ကိစ္စတစ်ခုကို ဒေါသထွက်နေတဲ့အချိန် မဆွေးနွေးပါနဲ့။ ခဏရှောင်ထွက်လိုက်ပြီး အသက်ကိုဝဝရှူ စိတ်ကိုတည်ငြိမ်အောင်အရင်လုပ်လိုက်ပါ။ ပြီးမှ ဒီကိစ္စကို ဆက်ဆွေးနွေးလို့ရပါတယ်။ အားပြိုင်တာမျိုး မလုပ်မိပါစေနဲ့။ ကြိုတင်ခန့်မှန်…, ၄။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ, အုပ်ထိန်းသူတွေဆိုတာ ကိုင်တွယ်ဖြေရှင်းရတာတွေ သိပ်များပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း စောင့်ရှောက်မှုတွေ ပံ့ပိုးမှုတွေလိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြတာဟာ ကိုယ့်ကလေးကို စံနမူနာပြတဲ့ နည်းလမ်းကောင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ စိတ်ဒုက္ခရောက်နေတယ် စိတ်ဆင်းရဲနေတယ်လို့ ခံစားနေရတဲ့အခါမှာ အကူအညီတောင်းဖို့ တွေဝေမနေပါနဲ့။ ဒီလိုခံစားချက်မျိုး ဖြစ်တတ်တာက ပုံမှန်ပ…