21 စက်တင်ဘာလ 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူကုန်ကူးခံရသူများနှင့် လက်တွဲလုပ်ကိုင်ခြင်း

ဤလမ်းညွန်မှတ်စုသည် ကိုဗစ်-၁၉ နှင့် ဆက်စပ်အခြေအနေများအတွင်း လူကုန်ကူးခံရသူများနှင့် တိုက်ရိုက်လက်တွဲလုပ်ကိုင်နေကြသော အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် ဝန်ဆောင်မှု ပံ့ပိုးပေးသူများအနေဖြင့် မိမိတို့၏ ဖြစ်ရပ်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများကို ဆီလျော်အောင်ပြုပြင်နိုင်ရန်အတွက် အထောက်အကူပြုရန် ကိုးကားနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဤလမ်းညွှန်တွင် ကိုဗစ်-၁၉ ရောဂါ၏ လူကုန်ကူးခံရသည့် သားကောင်များအပေါ် သက်ရောက်မှုများနှင့် ဝန်ဆောင်မှုပံ့ပိုးပေးသူများအနေဖြင့် ကိုဗစ်-၁၉ နှင့် ဆက်စပ်အခြေအနေတစ်ခုတွင် ဖြစ်ရပ်စီမံခန့်ခွဲမှု အဆင့်တစ်ခုစီတိုင်း၌ ဆောင်ရွက်နိုင်မည့် လုပ်ဆောင်ချက်များနှင့် ကာကွယ်ပေးရေး အစီအမံများကို အသားပေးဖော်ပြထားပါသည်။  
05 သြဂုတ်လ 2021

COVID-19 ကပ်ရောဂါကာလအတွင်း မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာအချက်အလက်များ

သင်ဟာမိခင်တစ်ဦး (သို့) မိခင်လောင်းဖြစ်လျှင် COVID-19 ကပ်ရောဂါကာလအတွင်း သင့်ရင်သွေး၏ လုံခြုံမှုအတွက် မေးခွန်းများရှိခြင်းသည် ပုံမှန်ဖြစ်ပြီး သဘာဝကျပါသည်။ မိခင်နို့တိုက်ကျွေးခြင်းကို အားပေးထောက်ခံသင့်ကြောင်း သက်သေအထောက်အထားများစွာရှိပါသည်။ နို့တိုက်ခြင်း သို့မဟုတ် မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် COVID-19 ကူးစက်မှုကိုမတွေ့ရှိရသေးပါ။ မိခင်နို့တိုက်ခြ…, ကပ်ရောဂါကာလအတွင်း မိခင်နို့တိုက်သင့်ပါသလား။, ကပ်ရောဂါကာလအတွင်း မိခင်နို့တိုက်သင့်ပါတယ်။ ယနေ့အထိ COVID-19 ဗိုင်းရပ်စ်သည် မိခင်နို့တိုက်ကျွေးခြင်းမှတစ်ဆင့် ကူးစက်သည်ဆိုသော သက်သေအထောက်အထားမရှိပါ။ မိခင်နို့ရည်သည် ကလေးငယ်များကို ဘက်စုံကျန်းမာသန်စွမ်းစေပြီး ရောဂါပိုးများစွာကို ကာကွယ်ပေးနိုင်သော ပဋိပစ္စည်းများအနေဖြင့် ပံ့ပိုးပေးပါသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်များနှင့် ရင်ခွင်…, မိမိမှ မိမိကလေးငယ်သို့ နို့တိုက်ခြင်းအားဖြင့် COVID-19 ကူးစက်နိုင်ပါသလား။, ယနေ့အချိန်အထိ COVID-19 (ကူးစက်စေနိုင်သောဗိုင်းရပ်စ်)ကို COVID-19ရှိသော မိခင်၏နို့ရည်တွင် မတွေ့ရှိရသေး၍ COVID-19သည် မိခင်နို့မှတစ်ဆင့် ကူးစက်နိုင်ချေမရှိပါ။ သုတေသီများသည် COVID-19ရောဂါကူးစက်ခံရပြီးဟု အတည်ပြုထားသောမိခင်များနှင့် ကူးစက်ခံသံသယရှိသောမိခင်များ၏ နို့ရည်ကို ဆက်လက်စမ်းသပ်နေဆဲ ဖြစ်ပါသည်။ >> ကလေးငယ်နို့တိုက်ခြင်းနှင့် ပတ်သက်၍ Mini…, မိမိတွင် COVID-19 ရှိသည် သို့မဟုတ် ရှိနိုင်သည်ဟု သံသယရှိလျှင် နို့တိုက်သင့်ပါသလား။, သင့်လျော်သည့်ကြိုတင်ကာကွယ်မှုများကိုပြုလုပ်၍ နို့တိုက်ခြင်းကိုဆက်လက်ပြုလုပ်သင့်ပါသည်။ မိခင်နို့နှင့် နို့တိုက်ခြင်းမှတစ်ဆင့် COVID-19 ကူးစက်မှုကို မတွေ့ရှိရသေးပါ။ သတိထားရမည့်အချက်များမှာ ဆေးဘက်ဆိုင်ရာအသုံးပြု ပါးစပ်နှင့် နှာခေါင်းစည်းရှိပါက တပ်ဆင်ခြင်း၊ လက်ကို ရေ၊ဆပ်ပြာနှင့်ဆေးခြင်း (သို့) သင့်ကလေးငယ်ကို မထိတွေ့မီနှင့်ထိတွေ့ပြီး အရက်ပြန်ပါ၀င်သော…, မိမိနို့တိုက်နေချိန် ဒါမှမဟုတ် (သိုလှောင်)သိမ်းဆည်းထားသော မိခင်နို့ရည် တိုက်နေသောကာလတွင် COVID-19 ကာကွယ်ဆေးကို ထိုးသင့်ပါသလား။, နို့တိုက်နေသော သို့မဟုတ် နို့ရည်ထွက်နေသော နေကောင်းကျန်းမာသူမိခင်များအတွက် COVID-19 ကာကွယ်ဆေးကို ထိုးဖို့ တိုက်တွန်း အကြံပြုပါသည်။  , COVID-19 ကာကွယ်ဆေးရရှိပြီးနောက် မိခင်နို့ဆက်လက်တိုက်ရန် လုံခြုံပါသလား။, သင့်ကလေးငယ်ကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးပြီးလျှင် ဆက်လက်၍နို့တိုက်သင့်ပါသည်။ WHO မှအတည်ပြုထားသည့် လက်ရှိအသုံးပြုနေသော COVID-19ကာကွယ်ဆေးများအားလုံးတွင် ဗိုင်းရပ်စ်ပိုး မပါ၀င်သောကြောင့် နို့ရည်မှတစ်ဆင့် သင့်ကလေးငယ်ကို ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ချေမရှိပါ။  , နို့တိုက်ရန် နေလို့မကောင်းဖြစ်လျှင် မိမိ ဘာလုပ်ရမလဲ။, မိခင်အနေဖြင့်နို့တိုက်ရန်နေမကောင်းဖြစ်နေလျှင် သင့်ကလေးငယ်ကို မိခင်နို့ စိတ်ချစွာတိုက်ကျွေးနိုင်ရန် အခြားနည်းလမ်းများကိုကြိုးစားရှာဖွေပါ။ နို့ရည်ကိုထုတ်ပြီးသန့်ရှင်းသောခွက် (သို့) ဇွန်းမှတစ်ဆင့် သင့်ကလေးငယ်ကို တိုက်ကျွေးပါ။ မိမိရဲ့နေထိုင်ရာဒေသမှာရနိုင်လျှင် အလှူရှင်(donor human milk )မိခင်နို့ရည်တိုက်ကျွေးရန်လည်း သင်စဉ်းစားနိုင်ပါသည်။ သင်ဆောင်ရွက်…, မိမိကလေးငယ်ဖျားလျှင် နို့တိုက်သင့်ပါသလား။, ကလေးငယ်ဖျားလျှင် သင့်ကလေးငယ်ကို ဆက်လက်နို့တိုက်ပါ။ သင့်ရဲ့ ကလေးငယ်က COVID-19 ကူးစက်တာ ဒါမှမဟုတ် တခြားဖျားနာတာပဲဖြစ်ဖြစ်၊ သူကို မိခင်နို့ဆက်လက်တိုက်ကျွေးဖို့ အရေးကြီးပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက သင့်ကလေးငယ်ရဲ့ ခုခံအားစနစ်ကိုမြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို ကူညီတိုက်ထုတ်နိုင်ဖို့ မိခင်နို့ရည်ကနေတစ်ဆင့် ပဋိပစ္စည်းများကို ကလေးငယ်ထံသို့ ရောက်…, နို့တိုက်သောအခါ မည်သည့်ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်သင့်ပါသလဲ။, လက်ဆေးခြင်းလမ်းညွှန်ချက်တွေကို သေချာလိုက်နာပါ။ သင့်ကလေးငယ်ကိုမထိတွေ့မီနှင့် ထိတွေ့ပြီး ရေ၊ဆပ်ပြာနှင့် လက်ကိုဆေးသင့်ပါသည်။ အရက်ပြန်ပါဝင်သည့်လက်ဆေးရည်ကိုလည်း သုံးနိုင်ပါသည်။ သင်ထိတွေ့ခဲ့သော မည်သည့်မျက်နှာပြင်ကိုမဆို သန့်ရှင်းရန်နှင့် ပိုးသတ်ရန်လည်း အရေးကြီးပါသည်။ မိခင်နို့ရည်စုပ်စက်များ၊ နို့သိုလှောင်ဘူးများနှင့် နို့တိုက်ကျွေးရေးအသုံးအဆောင်များကို…, Coronavirus သည် နို့တိုက်ခြင်းအပေါ် ဘယ်လိုသက်ရောက်သလဲ။, COVID-19 ကာလအတွင်း နို့တိုက်ကျွေးခြင်းအကြောင်း အချက်အလက်များကို ပိုမိုသိရှိလိုပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်ကို ကြည့်ပါ။ Mandy Rich၊ ဒစ်ဂျစ်တယ် ဆောင်းပါးစာရေးဆရာ၊ UNICEF ၏ ဆောင်းပါး ဤဆောင်းပါးကို မူလက ၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။ ၎င်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် နောက်ဆုံးမွမ်းမံခဲ့ပါသည်။  
17 နိုဝင်ဘာလ 2020

ကြားဝင်ပံ့ပိုးမှုများမရှိပါက မြန်မာနိုင်ငံရှိ ကလေးငယ်နောက်ထပ်နှစ်သန်းမှာ ဆင်းရဲတွင်းထဲ ကျရောက်မည်ဟု ဗဟိုစာရင်းအင်းအဖွဲ့၊ ယူနီဆက်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အစီရင်ခံစာမှဖော်ပြ

ရန်ကုန်မြို့၊ နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် ကြီးမားသော တိုးတက်မှုများ ရရှိလျှက်ရှိသည့်တိုင် မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့၊ ယူနီဆက်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့မှ ပြုလုပ်သော လေ့လာသုံးသပ်မှုတစ်ခုအရ ကိုဗစ်-၁၉ ရောဂါသည် ယခုနှစ်အကုန်ပိုင်းတွင် နိုင်ငံအတွင်းရှိ…
01 ဇွန်လ 2020

ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ပြန်လည်စတင်မည်ဖြစ်သောကြောင့် ကာကွယ်ဆေးပမာဏ ၁သန်းကျော်နှင့် COVID-19 ရောဂါပိုးစစ်ဆေးရေးကိရိယာ (test kits) ၁၀, ဝ၀ဝ မြန်မာနိုင်ငံသို့ရောက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်၊ ရန်ကုန်မြို့- မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကာကွယ်ဆေးထိုးအစီအစဉ်များ ပြန်လည်စတင်မှုကိုပံ့ပိုးရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ငွေကြေးပံ့ပိုးပြီး ယူနီဆက်မှတစ်ဆင့်ဝယ်ယူထားသော ပုံမှန်ကာကွယ်ဆေးပမာဏ ၁.၁၆သန်းသည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHS)အနေဖြင…