ကုလသမဂ္ဂမှ TEST KITS ပေါင်း ၇၅,၀၀၀ ကျော်ကို COVID-19 တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအစိုးရအား ပေးအပ်

COVID-19 တိုက်ဖျက်ရေးအတွက် ကျန်းမားရေးအထောက်အပံ့

11 ဇွန်လ 2020
UNICEF
UNICEF Myanmar/2020/Nyan Zay Htet

ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ရံပုံငွေများ နှင့် အစီအစဥ်များသည် COVID-19 ကပ်ရောဂါအတွက် မြန်မာနိုင်ငံအစိုးရ၏ ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ကြိုးပမ်းမှုများအား အရှိန်အဟုန် ကောင်းစွာဖြင့် ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။

ရောဂါစစ်ဆေးခြင်းသည် ဓါတ်ခွဲအတည်ပြုလူနာများအား အလျင်အမြန် ရှာဖွေဖော်ထုတ် ရာတွင် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်၍ ရောဂါကူးစက်ခံရသူများ အတွက် ကျန်းမားရေးအထောက်အပံ့ကိုရစေရုံသာမက ရောဂါကူးစက်ခံရသူများထံမှ ရောဂါဆက်လက် မပြန့်ပွားအောင် ချက်ချင်း သီးသန့်ထားနိုင်စေရန် စီစဥ်မှုများပါ ပြုလုပ်ပေးနိုင်စေပါသည်။

ကျယ်ပြန့်သော နယ်ပယ်အသီးသီးတွင် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်နိုင်မှုများနှင့် ပတ်သက်သော ထောက်ပံ့မှုများပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂသည် အစိုးရ၏ ရောဂါစစ်ဆေးနိုင်မှု စွမ်းအားတိုးမြင့်လာစေရန် အထူး အလေးထား ထောက်ပံ့ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း ပထမဆုံး ဓါတ်ခွဲအတည်ပြုလူနာတွေ့ရှိချိန်မှစ၍, ကုလသမဂ္ဂ အဖွဲ့အစည်းများသည် အတူတကွ တုံ့ပြန်ဆောင်ရွက်မှုကို တိုးမြှင့်၍ အစိုးရအား အထောက်အပံ့ပေးမှုကို အားကောင်းလာစေအောင် ဆောင်ရွက်လျက်ရှိပြီး test kits အရေအတွက်ပေါင်း ၇၃,၀၀၀ ကျော်ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဓါတ်ခွဲမှုဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ပထမအသုတ် အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း World Health Organisation နှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ပေးအပ်ခဲ့သော test reagents အရေအတွက် ၃,၀၀၀ ကျော်သည် နိုင်ငံအတွင်းသို့ မတ်လနှောင်းပိုင်းက ရောက်ရှိခဲ့ပါသည်။ United Kingdom, Sweden, United States နှင့် Switzerland နိုင်ငံများမှ ရံပုံငွေပေးအပ်ပြီး the United Nations Office for Project Services (UNOPS) မှစီမံခန့်ခွဲသော The Access to Health Fund မှ test kits အရေအတွက် ၅၅,၀၀၀ ကျော်ကို နှစ်သုတ်ခွဲ၍ ပေးအပ်ခဲ့ပြီး၊ United Nations Children’s Fund (UNICEF) မှ test kits အရေအတွက် ၂၀,၀၀၀ ကျော်ကို ထပ်မံ ဖြည့်စွက်၍ အသုတ် နှစ်သုတ်ခွဲကာ လွန်ခဲ့သော နှစ်လတာ ကာလအတွင်းတွင် ပေးအပ်ခဲ့ပါသည်။ ပိုမိုတိကျသည့်

စစ်ဆေးမှုများ ပြုလုပ်နိုင်စေရန် အလိုအလျောက် စမ်းသပ်နမူနာ ထုတ်ယူသည့် စက် နှစ်လုံးကိုလည်း The Access to Health Fund မှ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်

ကုလသမဂ္ဂမှ COVID-19 ကပ်ရောဂါ တုံ့ပြန်မှုအတွက် အထောက်အပံ့ပေးရာတွင် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် အသိုက်အဝန်းများအား အကာအကွယ် ပေးနိုင်ရန်၊ အစိုးရအဆင့်ဆင့်နှင့် အခြေခံလုပ်ငန်းများဆောင်ရွက်သော အဆင့်များထိ COVID-19 အတွက်ထိရောက်သော ပြင်ဆင်မှုနှင့် တုံ့ပြန်မှုများ ပေးနိုင်ရန် စွမ်းဆောင်ရည်များအား မြှင့်တင်ပေးနိုင်ရန်၊ ပြည်သူများထံ သတင်းအချက် အလက်များ ပြန်ကြားပေးခြင်းနှင့် အသိပေးနှိုးဆော်ြခင်း (risk communication)၊ လူမှုအသိုက်အဝန်းများနှင့် ချိတ်ဆက် ပူးပေါင်းခြင်း၊  ဖွံ့ဖြိုးမှုများ စဥ်ဆက်မပြတ်စေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို ဦးတည်သော အစီအစဥ်များ ရေးဆွဲနိုင်စေရန် အထူးအလေးထားပြီးဆောင်ရွက်လျက်ရှိပါသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ၏ အဓိကအကျဆုံး ဆောင်ရွက်မှုမှာ စီးပွားဖြစ် လေယာဥ်များ ရပ်တန့်ထားစဥ်ကာလတွင် အပတ်စဥ် ရန်ကုန်မြို့မှ ကွာလာလမ်ပူမြို့သို့ World Food Programme’s  (WFP) မှ အကူအညီပေးသည့် လေယာဥ်များ ပျံသန်းပေးနိုင်ခြင်းဖြစ်ပါသည်။ ကနဦးအနေဖြင့်  ဤလေယာဥ်များအား European Union နှင့် Switzerland တို့မှ ရံပုံငွေထောက်ပံ့ပေးပြီး၊ ဤ WFP လေယာဥ်/လေကြောင်း များသည် မြန်မာနိုင်ငံသို့ test kits များ၊ အခြားသော အရေးကြီးသောပစ္စည်းများ အစရှိသဖြင့် လိုအပ်သော ပစ္စည်းများကို ပုံမှန်သယ်ယူပို့ဆောင်ပေးလျက်ရှိသည့်အပြင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ပေးသည့် အမှုထမ်းများကိုလည်း တင်ဆောင်လာ လျက်ရှိပါသည်။

မီဒီယာ အဆက်အသွယ်

Valijon Ranoev
Public Information and Advocacy Officer
OCHA
တယ်လီဖုန်းနံပတ်: +95 97 97 00 7815
အီးမေးလ်: ranoev@un.org
Aye Win
National Information Officer
UNIC
အီးမေးလ်: wina@un.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar